ဂိမ်း၏အရိပ်အမြွက်ကပြောသည်မှာ ဆရာများ၏စကားကိုနားထောင်ရန်ဖြစ်သဖြင့် သူမအနေဖြင့် ဝင်သွားချင်မိသည်။ သို့သော်လည်း သူမမှာ လူသစ်ကဲ့သို့ဖြစ်နေသဖြင့် အစ်မကြီး၏အထင်အမြင်ကို ပထမဆုံးနားထောင်ရန်လိုလိုအပ်နေသေးသည်။
“သွားကြမလား?”
ဖူအန်မေးလိုက်၏။
“သွားရအောင်”
ကျန်းယွမ်ယွမ်ခေါင်းညိတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
“ငါတို့က ဂိမ်းကိုရှောင်လို့လည်းမရဘူး…………မဟုတ်ရင် အဆုံးမှာသေမှာပဲ…………ဒီဂိမ်းက အရမ်းရှုပ်ထွေးတယ်………….ပြီးမှငါနင့်ကို ရှင်းပြပေးမယ်…….”
ကျန်းယွမ်ယွမ်ကပြောရင်း ဖူအန်ကိုအထဲသို့ ဆွဲခေါ်လာခဲ့သည်။
လမ်းလျှောက်နေစဉ်…………
“ငါစဉ်းစားလို့မရဘူး……….နင်ဘယ်လိုဂိမ်းထဲရောက်လာတာလဲ……….နင်က အမြဲတမ်းအရမ်းကံကောင်းတာမဟုတ်ဘူးလား?”
ဖူအန်မှာမတတ်နိုင်သည့်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်ကာ………
“ငါလည်း မသိဘူးရယ်”
…………………………………………………………………………မူလတန်းကျောင်းမှာ သေးငယ်သည့် နေရာတွင် ဆောက်ထားခြင်းဖြစ်သည်။ ကျောင်းဝန်းထဲတွင် သင်ကြားရေးအဆောင်တစ်ဆောင်၊ အုပ်ချုပ်မှုအဆောင်တစ်ဆောင်နှင့် ချက်ပြုတ်ရန်မီးဖိုခန်း တစ်ခန်းသာ ရှိသည်။
ပတ်ဝန်းကျင်တွင် အထပ်မြင့်အဆောက်အဦဟောင်းကြီးများဝန်းရံနေသဖြင့် မူလတန်းကျောင်းတစ်ခုလုံးရှိ အလင်းရောင်မှာ မှိန်ပြပြသာ ရှိနေသည်။
သင်ကြားရေးအဆောင်၏အလယ်နေရာတွင် နှစ်ရာချီနေသည့်ကျိုင်းပင်ကြီး - Locust Tree တစ်ပင်ရှိနေသည်။ သစ်ကိုင်များမှာ ထီးသဖွယ်ဖြာထွက်နေပြီး သစ်ရွက်များမှာ အုပ်ဆိုင်းနေသည်။
အမြင့်မှာလည်း သင်ကြားရေးအဆောင်၏ခေါင်မိုးပေါ်သို့အုပ်နေသဖြင့် မူလတန်းကျောင်းကို ပို၍ပင် မှောင်ကျနေစေသည်။