(ဂုဏ်ယူပါတယ်…………ကစားသမားဖူအန်…………….’လုံးဝသုည’ ဂိမ်းကို အောင်မြင်စွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ………………..
ဤတစ်လှည့်ဂိမ်းအတွက် ရမှတ် ၂၀ ရရှိမှာ ဖြစ်ပါတယ်………..
တစ်ချိန်တည်းမှာပဲ ဒီတစ်လှည့်ဂိမ်းမှာ သင်ဟာ အရန်ကိုယ်စားလှည် ၆ ယောက်ကို သုတ်သင်နိုင်ခဲ့တဲ့ အတွက် အပိုရမှတ် ၆၀ ကို ရရှိမှာ ဖြစ်ပါတယ်………..)ဂိမ်း၏ပင်မနေရာလွတ်ဆီသို့ပြန်ရောက်လာသည်နှင့် ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပြန်လည်ကောင်းမွန်သွားသည်။
ဖူအန်၏တင်းကြပ်နေသည့်အမူအရာများမှာ အနည်းငယ်သက်သာရာရသွားသည်။ငါဒီဂိမ်းထဲမှာ သေတော့မလို့ပဲ………….
တော်သေးတယ်……..မြန်မြန်ပြီးသွားလို့………သူမအသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ရှေ့မှ အိုင်ဒီကတ်ကိုကြည့်လိုက်၏။
အပေါ်ရှိအချက်အလက်များမှာ အနည်းငယ်ပြောင်းလဲသွား၏။ရမှတ်များမှာ ၈၀ တိုးလာသဖြင့် စုစုပေါင်း ရမှတ် ၄၅၀ ဖြစ်သွားသည်။
စွမ်းရည်နေရာတွင်လည်း အနည်းငယ်ပြောင်းလဲမှုရှိနေသည်။နေရာလွတ်စွမ်းရည်အဆင့်မှာ အဆင့် ၁ မှ ၂ သို့ပြောင်းလဲသွားသည်။
ဖူအန်က အဆင့်ဖော်ပြချက်ကိုကြည့်၍………
“စွမ်းရည်အဆင့်က ဘယ်လိုတိုးသွားတာလဲ?”အဆင့် ၁ ကနေ အဆင့် ၂ ပြောင်းသွားတာ…………..ငါ့စွမ်းရည်က ဘာမှ ထူးထူးခြားခြား မပြောင်းသွားသလိုပဲ?.............
(စွမ်းရည်အဆင့်မြှင့်တာဟာ ဂိမ်းစနစ်ကနေ ကစားသမားတွေအတွက် ဆုံးဖြတ်ပေးတာဖြစ်ပါတယ်………..
စွမ်းရည်အဆင့်မြှင့်မှုဟာ ကစားသမားရဲ့ စွမ်းရည်ထိန်းချုပ်နိုင်မှု၊ တိုးတက်မှုနဲ့ အသုံးပြုမှု စတဲ့ အချက် ၃ ချက်အပေါ် အခြေခံနေပါတယ်…….)
“ရှင်ပဲမှန်တယ်……”
ဖူအန်က အသေးစိတ်ပြောလိုက်၏။
“ဒါက စွမ်းရည်အဆင့်ဟာ ရှင့်အပေါ်မှာပဲ မူတည်နေတယ်လို့ ပြောတာလား?”(စနစ်ရဲ့ဆန်းစစ်ချက်တွေဟာ လုံးဝကို တိကျမှန်ကန်ပါတယ်)
ထိုစာကြောင်းပေါ်လာပြီးနောက် ဖူအန်မှာ ဂိမ်းနေရာလွတ်ထဲမှ ကန်ထုတ်ခံလိုက်ရလေသည်။