“ချီး……….ခွေးမလေး………………ငါဒီနေ့မင်းကို မမိစေနဲ့ပေါ့ကွာ…………မိရင်တော့ မင်းသေတဲ့အထိ နှိပ်စက်ပြမယ်”
သံခွကိုင်ထားသည့်လူက ဖူအန်အားအော်ဟစ်လိုက်၏။
လူ ၉ယောက်တည်းနဲ့များ ငါ့ကိုအထင်သေးရဲတယ်ပေါ့?...........
တံခါးကိုဖွင့်လိုက်ပြီး အားနည်းသည့်လူအချို့နှင့်အရင် ထိပ်တိုက်ရင်ဆိုင်လိုက်၏။ ဖုရီရှီနှင့်စုဆန်က အနားတွင်ရှိသဖြင့် ဖူအန်မှာ အားကိုးရနေသည်။
တစ်ယောက်ပြီးတစ်ယောက်ကို လမ်းပေါ်တွင်လှဲချရင်း နောက်ဆုံးတွင် သံခွဖြင့်လူမှာ ဖူအန်၏အနိုင်ယူခြင်းကို ခံလိုက်ရကာ စွမ်းအားမဲ့သွားလေသည်။
စုဆန်သည် တင်းပုတ်ကိုပုခုံးတစ်ဖက်ပေါ်တွင်ထမ်းထားရင်း နောက်တစ်ဖက်တွင် သံခွကိုထမ်းထားသည့်ဖူအန်အားကြည့်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် အဝေးသို့ကြည့်လိုက်၏။ ထို့နောက် အဖွဲ့၏ခေါင်းဆောင်အား စတင်မေးမြန်းလိုက်သည်။
“မင်းတို့ဘယ်ကလဲ?”
“ငါတို့က ကုန်သွယ်ရေးနယ်မြေကပါ”
အရိုက်ခံထားသည့်လူသည် ဖူးရောင်နေသည့်မျက်နှာဖြင့်ပြောလိုက်၏။
“လူတစ်ချို့က ငါတို့နေရာကိုကျူးကျော်လာတော့ ရွေးချယ်စရာမရှိတော့ပဲ ဒီကိုလာခဲ့ရတာ”
လူတစ်ချို့?..............
“သူတို့မှာ သေနတ်တွေလည်းရှိသေးတယ်”
သံခွရှိခဲ့သည့်လူက ချက်ချင်းထပ်ဖြည့်၍ပြောလိုက်၏။
ထိုအချိန်တွင် သူတို့သည်လည်း ထိုအဖွဲ့ကိုဝင်ရောက်ချင်သော်လည်း ထိုအဖွဲ့မှလူများမှာ သူတို့ကိုအထင်သေးပြီး နှင်ထုတ်လိုက်ကြခြင်းပင်။
“အစ်ကိုကြီး……………ငါတို့သွားပါရစေ…………..
ညီအစ်ကိုတွေကလည်း သေလုနီးပါးဖြစ်နေပါပြီ……………ငါတို့က လုယက်ဖို့ ဖိအားပေးခံရတာပါ"“လုယက်ဖို့ဖိအားပေးခံရတယ်?”
စုဆန်သည် သူ၏လက်ချောင်းများအားကြည့်လိုက်ကာ………..