ဒါကရှက်ဖို့ကောင်းလိုက်တာ………….
ဖူအန်မှာ ယခုအချိန်တွင် ရွေ့ချင်သော်လည်း မလှုပ်ရဲချေ။
ထိုပုံစံအတိုင်း မလှုပ်မယှက်နေနေရင်း ယခုအကြိမ်အတွက် စာလုံးပေါင်းထောင်ချီသွားမည့် အမှားဝန်ခံချက် ရေးရမည်ကို တွေးနေမိ၏။
ထိုအကြောင်းကိုတွေးမိရင်း ရုတ်တရက်ဖြစ်လာသည့်လှုပ်ရှားမှုကြောင့် အတွေးများရပ်သွားသည်။
ဖူအန်မှာ တိတ်တဆိတ်တံတွေးမျိုချလိုက်ပြီး ဤအပြုအမူသည် အမှားဝန်ခံချက်ရေးပြီး ဖြေရှင်းနိုင်လောက်မည့်ကိစ္စမျိုးမဟုတ်ကြောင်း ခံစားလာရသည်။
ဒါမှမဟုတ် ငါအိပ်နေသေးသလိုဟန်ဆောင်ပြီး တစ်ဖက်ကိုလှည့်သွားယောင် ဆောင်လိုက်ရမလား………
အိပ်ပျော်နေတာ…………..
မသိတဲ့လူမှာ အပြစ်မရှိဘူးလေနော်……..ဖူအန်မှာ နှလုံးသားထဲတွင် ကိုယ့်ကိုကိုယ့်နှစ်သိမ့်လိုက်ပြီး သူမအကြံအတိုင်းလုပ်ဆောင်ရန် အသင့်ပြင်လိုက်၏။
ထို့နောက် သူမ၏ခြေထောက်ကိုလှုပ်လိုက်သည့်အချိန်တွင်ပင် သူမနားထဲသို့ အေးစက်သည့်လေပြင်းတစ်ခုတိုက်ခတ်လာသည်။
သူမတို့မှာ အခန်းထဲတွင်ရှိမနေတော့ပဲ ရေခဲများ၊ နှင်းများကြားတွင် ရှိနေသည့်အတိုင်းပင်။“ထင်းများများထည့်…………….မသေသွားစေနဲ့”
လူနှစ်ယောက်မှာလျှင်မြန်စွာဖြင့်မတ်တပ်ရပ်လိုက်ပြီး မီးလင်းဖိုထဲသို့ထင်းများထည့်သည့်အသံကို ဖူအန်ခံစားလိုက်ရသည်။
ထို့နောက်ချက်ချင်းပင် သူမပေါ့ပါးသွားသည်။ငါ့ရဲ့စောင်တွေကိုရော မီးရှို့လိုက်တာလား?............
မီးလင်းဖိုနေရာရှိမီးတောက်များ ချက်ချင်းပို၍တောက်ပလာသည်။
မီးတောက်များအသံကို ဖူအန်ကြားနိုင်သည်။
နောက်တစ်ခဏတွင် သူမမှာလက်တစ်ဖက်ဖြင့်ဆွဲခံလိုက်ရပြီး အိပ်ရာတစ်ခုမှ နောက်တစ်ခုဆီသို့ လှိမ့်သွားသည်။ရင်းနှီးသည့်လေထုကြောင့် ဖူအန်၏ခန္ဓာကိုယ်မှာ တစ်ခဏခန့် တောင့်တင်းသွားသည်။ ထို့နောက်တွင် ဖူအန်သည် ပြင်းထန်သည့်လေအေးတစ်ချက်ကို ခံစားလိုက်ရသည်။