“ဘယ်လိုလဲ……………နင်တစ်ခုခုတွေ့လား?”
ကျန်းယွမ်ယွမ်က သူမဘေးသို့ရောက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်၏။
“နိုး”
ဖူအန်ခေါင်းခါလိုက်၏။
“နင့်ပုံစံက အတော်လေးပရော်ဖက်ရှင်နယ်ကျနေတာပဲ”
ထိုစကားကိုကြားသောအခါ ကျန်းယွမ်ယွမ်မှာ ရယ်လိုက်ကာ………..
“ငါ့ရဲ့ညီမလေးက အမြင်ရှိတာပဲ”ဖူအန်မှာသူမကို ဆွံ့အသလိုကြည့်၍သာ နေလိုက်ရသည်။
တော်တော်ကြီးကျယ်နေတာပဲ……………..
……………………………………………………………..သူမတို့အနေဖြင့် သက်ဆိုင်ရာစာသင်ခန်းများဆီသို့ ဝင်ခဲ့ကြသည်။
ဖူအန်သည် တစ်ခဏခန့်အခန်းထဲရှိလူများကို စူးစိုက်ကြည့်မိလိုက်သည်။
အခြားမဟုတ်ပေ။ အခန်းထဲရှိကလေးများ၏အရေအတွက်မှာ လျော့နည်းသွားခြင်းကြောင့်ပင်။ထိုသို့လျော့နည်းသွားခြင်းသည် ကလေးများလေ့ကျင့်ခန်းလုပ်စဉ်အချိန်တွင် အသိသာဆုံးဖြစ်သည်။
မူလက ကလေး ၁၈၈ ယောက်ရှိခဲ့သော်လည်း ယခုအချိန်တွင်မူ ၁၄၄ ယောက်သာ ကျန်တော့၏။
ဖူအန်မှာ မယုံနိုင်ဖြစ်ပြီး ၂ ကြိမ်မျှ ပြန်ရေတွက်လိုက်မိသည်။
အခြားကလေးတွေ ဘာဖြစ်သွားတာလဲ?..............
ဖူအန်မှာ အတန်းထဲရှိကလေးများကိုကြည့်၍ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူမက ကလေးတစ်ယောက်အားမေးလိုက်၏။
“အရင်ကကလေးတွေ ဘယ်သွားကြတာလဲ?”
“သူတိုက တူတူပုန်းတမ်းဆော့မို့ သွားပြင်နေကြတာ……….”
ကလေးသည် ဖူအန်အားအပြစ်ကင်းပြီးစိတ်လှုပ်ရှားနေသည့်မျက်ဝန်းများဖြင့် ကြည့်၍ပြောလိုက်သည်။
“တူတူပုန်းတမ်းဆိုတာ ဘာလဲ?”
“အဲ့တာက တူတူပုန်းတမ်းပဲပေါ့”
ကလေးသည် ဖူအန်ကိုကြည့်လိုက်ပြီး သူမပေါင်ကိုဖက်လိုက်ကာ အပြုံးဖြင့်သူမကိုမော့ကြည့်ရင်း ပြောလိုက်သည်။
![](https://img.wattpad.com/cover/385728015-288-k836306.jpg)