ပုံမှန်လူတွေက အလောင်းကို ဒီလိုပုံစံနဲ့ဘယ်လိုကိုင်တွယ်နိုင်မှာလဲ?.............
ဆရာတွေက အရမ်းသံသယဖြစ်စရာကောင်းတယ်…………
ခြောက်ကပ်ပြီးတိတ်ဆိတ်နေသည့်မူလတန်းကျောင်းတွင် လူအချို့မှာ ကွဲပြားသည့်အမူအရာဖြင့်ရှိနေကြသည်။
ကလင်…….လင်…..
စူးရှသည့်ဘဲလ်သံမြည်လာ၏။
နောက်တစ်ခဏတွင် ရေဒီယိုမှ အိပ်ရာနိူးသည့်သီချင်းသံပေါ်ထွက်လာ၏။ အတန်းထဲတွင် ကလေးများ၏ ဆူညံသံများ၊ ပျော်ရွင်စွာရယ်မောသံများထွက်ပေါ်လာကာ ဤကဲ့သို့သက်ဝင်လှုပ်ရှားလာမှုကြောင့် မူလတန်းကျောင်းကို အနည်းငယ်ပုံမှန်ပြန်ဖြစ်သွားစေသည်။
ကျန်သည့် လူ ၉ ယောက်မှာ သက်ဆိုင်ရာအတန်းများဆီသို့ တာဝန်ချထားခံလိုက်ရသည်။
အတန်းထဲတွင်အလင်းရောင်ရှိနေပြီး အလွန်အမင်းလင်းကျင်းနေသော်လည်း မရှင်းပြနိုင်သည့် မသက်မသာဖြစ်စေသောခံစားချက်မျိုးရှိနေသည်။
သူမတို့ ၂ ယောက်မှာ အတန်း၏တံခါးနား နံရံတွင်ရပ်ရင်း အထဲရှိကလေးများနှင့် ဆရာများကိုကြည့်နေကြသည်။
ဆရာများမှာလည်း ခုံများပေါ်တွင် ထိုင်နေကြသည်။မျက်လုံးများမှာကား တစ်ချိန်လုံး ကလေးများကို သိမ်းဌက်များကဲ့သို့စိုက်ကြည့်နေကာ မျက်နှာပေါ်တွင် ပြုံးခြင်း၊ ရယ်ခြင်းမရှိပေ။
………………………………………….ဖူအန်သည် တံခါးတွင်ရပ်၍ စာသင်ခန်းထဲရှိ ပတ်ဝန်းကျင်ကိုကြည့်လိုက်၏။
စာသင်ခန်းတစ်ခုလုံးမှာ မကြီးလှပေ။ ၎င်းကို ဧရိယာ ၂ ပိုင်းခွဲထားသည်။
အတွင်းရှိအခန်းဘေးဖက်များတွင် များပြားလှသည့်ကလေးအိပ်ခုတင်များရှိနေသည်။ အပြင်ဖက်မှာ နေ့ပိုင်းအချိန်တွင် ကစားရန်အတွက်နေရာဖြစ်သည်။
နံရံပေါ်တွင် အမျိုးမျိုးသောပုံများ၊ ပန်းချီများဆွဲထားကြသည်။ ထိုအပေါ်တွင်ရှိနေသောစက္ကုများ၏အရောင်မှာ အနည်းငယ်ဝါကျင့်ကျင့်ဖြစ်နေသည်။ ကြည့်ရသည်မှာ ထိုစာရွက်များအား မလဲသည်မှာ အချိန်အတော်ကြာနေဟန်ရှိသည်။ ရှုပ်ထွေးလှသည့် ဆေးချယ်မှုများကြောင့် အရောင်များမှာ ဖြစ်ကတတ်ဆန်းဖြစ်နေသည်။
![](https://img.wattpad.com/cover/385728015-288-k836306.jpg)