အခန်း (၃၆၇) အိမ်ဂျယ်မူလတန်းကျောင်း (၃)

142 28 0
                                    



“အစ်ကိုမာ…………အစ်ကိုက အတွေ့အကြုံအရှိဆုံးပဲဟာ…………..ဘာလို့ခေါင်းဆောင်မဖြစ်ရမှာလဲ”

ဟန်ရင်အာမှာ ပထမဆုံးထရပ်ပြီးစကားပြောလိုက်၏။

လူအများစုမှာ တစ်ပုံစံတည်းတွေးမိလိုက်ကြသည်။
မာယီက ပထမဆုံးစတင်ပြောဆိုလိုက်သည်မှာ အမှန်တကယ်တွင်တော့ ဤရည်ရွယ်ချက်ရှိ၍ပင်။

ထိုသည်ကိုကြားသောအခါ သူကလူတိုင်းကိုပြုံးပြလိုက်ပြီး အဆင်သင့်နေရာယူလိုက်ကာ………

“လူတိုင်းက ကျွန်တော်ကို ယုံကြည်နေမှတော့ ကျွန်တော်ခက်အောင်မလုပ်တော့ပါဘူး……………..
အခန်းအရင် ခွဲကြရအောင်ပါ…………

အခုစုစုပေါင်း အခန်း ၃ ခန်းရှိတယ်…………..တစ်ခန်းက မိန်းကလေး ၄ ယောက်အတွက်နဲ့ ကျန် ၂ ခန်းက ကျွန်တော်တို့ ယောကျ်ားလေး ၆ ယောက်နေကြမယ်……….

၂ ယောက်တစ်တွဲဖွဲ့ရမယ့်အတွက်ကတော့ လူတိုင်းကိုယ့်ရဲ့ပါတနာကိုရွေးချယ်ပြီး ကျွန်တော့်ကို လာပြောကြပါ”
…………………………………………………..

၂ ယောက်တစ်ဖွဲ့ဖြစ်သဖြင့် ကျန်းယွမ်ယွမ်မှာ သဘာဝကျစွာပင် ဖူအန်နှင့်အဖွဲ့ဖွဲ့လိုသည်။  ကျန်သည့်မိန်းကလေး ၂ ယောက်မှာ ကွဲသွားကြသည်။

လူသစ် ၂ ယောက်မှာ အကြောင်းအရင်းမရှိပဲ တစ်ဖွဲ့တည်းဖြစ်သွားရသည်။
ဟန်ရင်အာမှာ မာယီ၏ပေါင်ပေါ်သို့ ရောက်သွားသည်။

အဖွဲ့ဖွဲ့ပြီးနောက် သူတို့သက်ဆိုင်ရာအခန်းဆီသို့ ဝင်ခဲ့ကြသည်။
ဖူအန်နှင့်အခြားလူများမှာ အခန်းနံပါတ် ၃၀၆ တွင် နေကြရသည်။

အခန်းမှာ အလွန်ရိုးရှင်းပြီး သံဖြင့်ပြုလုပ်ထားသည့်နှစ်ထပ်ကုတင် ၂ လုံးသာရှိသည်။
အလယ်နေရာတွင် အသုံးမပြုသည်မှာ မည်မျှကြာမြင့်နေဟန်မသိနိုင်သောသစ်သားစားပွဲတစ်လုံးရှိနေသည်။ စားပွဲပေါ်ရှိဆေးများမှာ ကွာကျနေပြီဖြစ်ပြီး ဓားဖြင့်လှီးရာများလည်းရှိနေသည်။

“ဒီနေရာကြီးက အရမ်းယိုယွင်းပျက်စီးနေပြီဟာကို……….လူတွေက ဒီမှာဘယ်လိုနေနိုင်မှာလဲ…”

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now