“အစ်ကိုတာ့ချမ်း”
ဖူအန်သည် စုဆန်၏ဒဏ်ရာကို မစစ်ဆေးနိုင်ခင်မှာပင် ဒုတိယမြောက်လက်ပစ်ဗုံးတစ်လုံးကျလာ၏။
ဟဲယုသည် မိန်းကလေး၏ကျယ်လောင်စွာအော်ဟစ်လိုက်သံကို ကြားလိုက်ရသည့်အတွက် ပါးစပ်ထောင့်မှတွန့်၍ပြုံးလိုက်၏။ စုဆန်မှာ သေတော့မည်ဖြစ်ကြောင်း သူတွေးလိုက်မိစဉ်မှာပင် ရုတ်တရက် ရင်းနှီးလှသည့်လက်ပစ်ဗုံးက သူ့ခြေထောက်အောက်သို့ကျလာသည်။
သူ့မျက်နှာပေါ်ရှိအပြုံးမှာ ရုတ်တရက်ခဲသွားသည်။
ထို့နောက်ချက်ချင်းဆိုသလိုပင် သူထလိုက်ပြီး ပြေးလိုက်၏။လက်ပစ်ဗုံးမှာ သူ၏ညာဖက်ဘေးတွင်ပေါက်ကွဲသွားလေသည်။
သူလွတ်မြောက်သွားခဲ့သော်လည်း အချိန်မှီမတုန့်ပြန်နိုင်သောအခြားလူများမှာ ဒဏ်ရာရသူကရ၊ အသတ်ခံရသူက အသတ်ခံရဖြစ်သွားကြသည်။
အခုဘာဖြစ်သွားတာလဲ?..............
ဟဲယုသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး အကာ၏နောက်တွင်ပုန်းနေကြသည့်လူ ၂ ယောက်ဆီသို့ ကြည်လိုက်၏။
ယခုလေးတင် ဖူအန်မှာ လေဟာနယ်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်မိလိုက်ပုံပေါ်သည်။ သူမသည်လည်း ဘာဖြစ်သွားသည်ကို မရှင်းပြနိုင်ပေ။ သို့သော်လည်း လက်ပစ်ဗုံးမှာ သူမ၏စိတ်စေရာအတိုင်း ပြန်လှည့်သွားခြင်းပင်။
ထိုလှုပ်ရှားမှုကြောင့် ဆန့်ကျင်ဖက်ရှိလူအရေအတွက်အများစု လျော့ကျသွားသည်။
ဖူအန်မှာ သူမ၏စွမ်းရည်ကို အပြည့်အဝအသုံးမပြုနိုင်စွမ်းမရှိသေးကြောင်း ခံစားလိုက်ရသည်။ဆန့်ကျင်ဖက်ရှိကျန်နေသည့်လူများမှာ ပြေးတက်လာကြပြီဖြစ်သည်။
ဟဲယုမှာလည်း စိတ်ရှည်သည်းခံနိုင်စွမ်းကုန်နေပြီဖြစ်သဖြင့် အချိန်ဖြုန်းနေခြင်းကိုရပ်ကာ အလျှင်အမြန်တိုက်ပွဲစတင်ရန် ပြင်လိုက်၏။ထွက်ပေါ်လာသည့် ခြေသံများကြောင့် စိတ်ထဲတင်းကြပ်သွားမိသည်။ သူမ၏စွမ်းရည်အကြောင်းတွေးလိုက်ရင်း အန္တရာယ်များလွန်းလှသည့်စိတ်ကူးကိုတွေးမိလိုက်၏။