အခန်း (၃၆၁) အစစ်အမှန်ကမ္ဘာ (၃)

173 33 0
                                    


နေရာလွတ်စွမ်းရည်ကိုလေ့ကျင့်ခြင်းအပြင် ခန္ဓာကိုယ်ခွန်အား၊ ပစ်ခတ်မှု၊ လက်ဝှေ့များကိုလည်း နောက်ချန်ထားခဲ့၍မရပေ။

နံပါတ်ကိုး စက်ဝန်းအတွင်းထိမှန်ထားသည့်ပစ်ချက်များကိုကြည့်ရင် သူမပို၍သန်မာလာပြီဟု ဖူအန်ခံစားမိ၏။

မိုက်တယ်………

သူမက ဇာတ်ကားများထဲမှသရုပ်ဆောင်ကဲ့သို့ သေနတ်ပြောင်းကို မှုတ်လိုက်ပြီး သေနတ်ကိုအောက်ချလိုက်၏။ ထို့နောက် အသံကာနားကြပ်ကို ချွတ်လိုက်၏။

လက်ကိုခါလိုက်ပြီး ဖုရီရှီအားကြည့်လိုက်၏။
“အစ်ကိုဖု…………….နည်းနည်းလောက် သွေးပူအောင်လုပ်ချင်လား?”

ထိုအခိုက်တွင် ဖုရီရှီမှာ ဘေးတွင်ထိုင်နေလေသည်။ ခါးမတ်မတ်ထိုင်လျှက် သူ့ခြေထောက်များကိုချိတ်၍ထိုင်နေ၏။

ထို့နေရာတွင် တိတ်တဆိတ်ထိုင်နေသည်မှာ ကြည့်ကောင်းလှသည့်ရုပ်ထုတစ်ခုအလားပင်။
သူစကားမပြောလာခင်အထိပင်။

“မင်းရဲ့လေ့ကျင့်ခန်းတစ်စုံကိုတောင် မပြီးသေးဘူး…………ပျင်းဖို့ကြိုးစားမနေနဲ့”

အော်………….
ငါပျင်းနေလို့လား?...........

သူ့ပါးစပ်ကိုကြည့်လျှက်တွေးမိလိုက်၏။

ရုပ်ထုဖြစ်နေတာပဲ ပိုကောင်းမယ်………..

ဖူအန်သက်ပြင်းချလိုက်၏။

အသံမှာကျယ်သွား၍ထင်သည်။ ဖုရီရှီက သူမအားကြည့်လိုက်ကာ………..

“မင်းမကျေနပ်ဘူးလား?”

“နိုး”

ဖူအန်ခေါင်းကို တစ်ဆတ်ဆတ်ခါလိုက်၏။

“အစ်ကိုကိုယ်တိုင် လေ့ကျင့်ပေးနေတဲ့ဟာကို ကျွန်မဘယ်လိုမကျေမနပ်ဖြစ်နိုင်မှာလဲ?”

ထိုသည်ကိုမြင်သောအခါ သူ့အကြည့်ကိုပြန်ရုတ်လိုက်ပြီး ထူးမခြားနားစွာဖြင့် ‘အင်း’ တစ်လုံးသာ ပြန်ပြောလိုက်၏။

သို့သော်လည်း နောက်တစ်ခဏတွင် ဖုရီရှီသည် ရုတ်တရက်မျက်လုံးများကို မှိတ်လိုက်ပြီး သတိပင်မပေးပဲ ရှေ့သို့ ထိုးကျလာလေသည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now