ခြောက်ချားဖွယ်ကောင်းလှသည့်ဘဲလ်မြည်သံတစ်ချက်ပေါ်လာသည်။
၉ နာရီခွဲလေပြီ။
အုပ်ချုပ်ရေးအဆောင်ရှိလျှပ်စစ်မီးမှာ ပျက်တောက်သွားပြီး အိပ်ခန်းသည်လည်း အမှောင်အတိကျသွားသည်။
“ဘာ………….မီးကို ဒီလောက်အစောကြီး အလွယ်တကူနဲ့ဖြတ်ချလိုက်တယ်ပေါ့”
ကျိုးဖန့်မှာ အလွန်မကျေမနပ်ဖြစ်သွားသည်။
“၁၀ နာရီမှာ ဘယ်သူမှ ညမအိပ်ဘူး………..ငါတို့တွေက ကျောက်ခေတ်လူသားတွေလို့ ထင်နေကြတာလား?”
သူမပြောပြီးပြီးချင်းပင် တံခါးခေါက်သံ ၂ ချက်ထွက်ပေါ်လာ၏။
“ဘယ်သူက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ?............သရဲတွေကို ခေါ်ဖို့အတွက် အိပ်မပျော်ဖြစ်နေတာလား?”
ကျန်းမင်၏အသံက စူးရှကျယ်လောင်စွာဖြင့် ကော်ရစ်ဒါတစ်လျှောက်တွင် ပေါ်ထွက်လာ၏။
“နင်ဆက်ပြောနေရင် အကျိုးဆက်ကိုခံစားရမယ်”
ထိုစကားကိုကြားသောအခါ ကျိုးဖန့်မှာ ဒေါသကြောင့် ရင်ဘက်မြင့်လိုက်ကျလိုက်ဖြစ်လာသည်။
နှစ်ပေါင်းများစွာ ဘုရင်မတစ်ပါးကဲ့သို့ မည်သည့်နေရာသွားသွားဆက်ဆံခံခဲ့ရပြီးနောက် ဤတစ်ကြိမ်သည် သူမကိုဤကဲ့သို့ဆက်ဆံခံရသည့်ပထမဆုံးအကြိမ်ပင်။
ဘယ်လိုခွေးဂိမ်းလဲ…………
ဖူအန်မှာ ကျိုးဖန့်တစ်ယောက်ကုတင်ပေါ်တွင် အသံတိုးတိုးဖြင့် ဆဲဆိုနေသည်ကိုကြားလိုက်ရပြီးနောက် သူမမျက်လုံးမှိတ်လိုက်၏။
ဤကြားဖြတ်ဂိမ်းဆိုသည်မှာ မည်ကဲ့သို့ဂိမ်းအမျိုးအစားမျိုးဖြစ်နိုင်ကြောင်းတွေးလိုက်၏။
အချိန်တိုင်း ဆရာတွေပြောစကားပဲ နားထောင်နေရင် ဖြတ်ကျော်နိုင်မှာလား?..........
စည်းမျဉ်းတွေက ကြားဖြတ်ဂိမ်းတွေရဲ့ ဦးတည်ချက်ကို အကြမ်းမျဉ်းဖော်ပြနိုင်မလား?.........
ထိုအကြောင်းကိုတွေးရင်း သူမအိပ်မောကျသွားသည်။
သူမနိုးလာသောအချိန်တွင် နောက်တစ်နေ့ရောက်နေလေပြီ။