အခန်း (၃၄၇) လုံးဝသုည (၃၀)

219 43 4
                                    


အရေးအကြီးဆုံးအချက်မှာ ဤကျွန်းတစ်ခုလုံးသည် အရွယ်အစားမကြီးပဲ မည်သည့်နေရာမှ သူဆို့ဆီသို့လာသည်ဖြစ်စေ နာရီဝက်ခန့်မျှသာကြာခြင်းဖြစ်သည်။

သူမတို့က ကစားသမားလူနည်းအုပ်စုများကို ကြောက်ရွံ့ခြင်းမဟုတ်သော်လည်း လူရာပေါင်းများစွာရှိသည့် သေနတ်များနှင့်ကစားသမားများသာဆိုပါက သူမတို့အနေဖြင့် ပြေးရုံသာကျန်တော့သည်။

ခွဲခြမ်းစိတ်ဖြာမှုအရ အခြေအနေက ကျားထက်ပင်ပို၍ကြမ်းတမ်းလှသည်။ ဖူအန်မှာ မထိန်းချုပ်နိုင်စွာဖြင့် တံတွေးတစ်ချက်မျိုချလိုက်မိ၏။

ဒီလိုအခြေအနေအတိုင်းသာဆိုရင် ငါတို့အတွက် အန္တရာယ်တွေအများကြီးပဲ…………..

ကစားသမားအုပ်စုတစ်ချို့သာ ဒီနေရာကိုဦးတည်လာမယ်ဆိုရင် ငါတို့ရှုံးမှာမဟုတ်ပေမယ့် ငါတို့အတွက်လွယ်မှာတော့မဟုတ်ဘူး………..

ထိုသည်ကိုတွေးမိရင်း ဖူအန်မှာဘောပင်ကိုကိုက်မိလိုက်၏။

“အစ်ကိုဖု…………ကျွန်မမှာအစီအစဉ်တစ်ခုရှိတယ်…….”
…………………………………………

စုဆန်သည် အပြင်ဖက်မှ ပြန်ဝင်လာ၏။

လှေကားမှတက်လာလာချင်းပင် ဖူအန်၏ခေါင်းမှာ မာစတာဖု၏မေးစေ့နှင့် ထိလုနီးပါးကပ်နေသည်ကို သူမြင်လိုက်ရသည်။

သူတို့ ၂ ယောက်မှာ တစ်စုံတစ်ခုကို ဆွေးနွေးနေပုံပေါ်ပြီး အသံများကို ပြတ်တောင်းပြတ်တောင်း ကြားနေရသည်။

စုဆန်သည် သူပြန်လာပြီဖြစ်ကြောင်းသိစေရန် ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူတို့ရှိရာဆီသို့ လမ်းလျှောက်သွားလိုက်သည်။

“အစ်ကိုစု………………..ရှင်ရောက်လာတာ အချိန်ကိုက်ပဲ”

ဖူအန်သည် သူ့ကိုတောက်ပနေသောမျက်လုံးများနှင့်ကြည့်လိုက်ကာ လက်ဝှေ့ယမ်းပြလိုက်၏။

စုဆန်ကလမ်းလျှောက်မလာခင် ဖုရီရှီအားတစ်ချက်ကြည့်လိုက်ကာ ဘာဖြစ်သည်ကို မေးလိုက်သည်။

ဖူအန်………..”အခုလောလောဆယ်ရှင်လုပ်ရမယ့်အရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်……”

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now