အခန်း (၃၇၂) အိမ်ဂျယ်မူလတန်းကျောင်း (၈)

161 29 0
                                    


အခြားလူများကလည်း ဤမြင်ကွင်းကို သတိထားမိကြလေသည်။

အပေါ်တွင် တန်းစီးနေကြသည့်မှုန်တေနေသောဆရာများကိုကြည့်ရင်း ရှုံးခွင်းပြောလိုက်၏။

“ချီး……………..ဒီဆရာတွေက သရဲတွေတွေဝင်ပူးထားကြတာ သေချာနေပြီ”

“ငါလည်း အဲ့လိုပဲထင်တယ်……………….ဖြစ်နိုင်တာက ဖက်တီးညက ပြန်မလာနိုင်တဲ့အကြောင်းရင်းက ဒီဆရာတွေပဲ သတ်လိုက်ကြတာနေမှာ”

မူလက ဖက်တီးနှင့်တစ်ခန်းတည်းကျသည့်လူက‌ သဘောတူရင်း ပြောလိုက်၏။

ဒီခန့်မှန်းချက်မှာ အမှန်တရားနည်းနည်းတော့ပါသားပဲ……………

“ဒါဆိုရင် ဒီဆရာတွေနဲ့နေရတာ ငါတို့အတွက် အန္တရာယ်ဖြစ်နေပြီပေါ့?”

ထိုစကားများကိုကြားသောအခါ ကျိုးဖန့်မျက်မှောင်ကြုတ်လိုက်၏။

ငါသာဒီလိုသိခဲ့ရင် လူသစ်တစ်ယောက်နဲ့ အဖွဲ့မဖွဲ့ပါဘူး……………
ဟန်ရင်အာက လည်လိုက်တာ…………သူက အစကတည်းက မာယီနဲ့တစ်သင်းတည်းလုပ်ထားတယ်………..

သူတို့ဆွေးနွေးနေကြချိန်တွင် ဘေးဖက်ရှိနံနက်ခင်းလေ့ကျင့်ခန်းမှာ ပြီးဆုံးသွားပြီဖြစ်သည်။

“ဂိမ်းတွေက နေရာတိုင်းမှာ အန္တရာယ်ရှိတယ်”

မာယီက ကျိုးဖန့်၏စကားကိုဆက်ပြောလိုက်ပြီး ထွက်ခွာရန်ပြင်နေကြသည့်ကလေးများအား ကြည့်လိုက်၏။

“လူတိုင်းပဲ အရင်ပြန်ကြတာပေါ့…………သတိထားပြီး သဲလွန်စများရှိမလားလို့ သေသေချာချာကြည့်ကြပါ”

လူတစ်ယောက်သေဆုံးပြီးနောက်  လူတိုင်းမှာ သတိပြန်ဝင်သွားကြသည်။
ကျောင်း၏လိုအပ်ချက်အရ ညနေနားချိန်အတွင်း သူမတို့ ၁၀ မိနစ်စောကာ ပြန်ရောက်လာကြသည်။

“လူတိုင်းပြန်ရောက်ကြပြီမလား?”

အခန်းထဲသို့ မဝင်ကြခင်မှာပင် လူတိုင်းကို ထပ်မံအတည်ပြုလိုက်ကြသည်။
လူ ၉ ယောက်လုံးစုံနေကြပြီဖြစ်သည်။
…………………………………………………………..

မှိုနံ့စွဲနေသည့်ကုတင်ပေါ်တွင် ဖူအန်လှဲနေသည်။

မီးမှာပိတ်ရန်မလိုပဲ အချိန်ကလာလျှင် သူ့အလိုလိုမှိတ်သွားမည်ဖြစ်သည်။ ကုတင်၏ခြင်ထောင်စကိုဆွဲချလိုက်ပြီး ဖူအန်သည် ခြင်ထောင်အပေါ်ကို ငေးကြည့်နေမိသည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now