အပိုင်း (၃၇၃)

143 14 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၃၇၃ )       အန္တရာယ်
Chapter   373

ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ကိစ္စ‌တွေကို လူတိုင်းက စိတ်အားထက်သန်စွာနဲ့ ဆွေးနွေးနေကြစဉ်မှာ ကျောက်ဖူ အစည်းအဝေးခန်းမတစ်ခုကို စတင်ဆောက်လုပ်ဖို့ သူ့လူတွေကို အမိန့်ပေးခဲ့လိုက်သည်။  အဲ့ဒီအစည်းအဝေးခန်းမက ထောင်နဲ့ ချီတဲ့ လူတွေထိုင်နိုင်ဖို့အတွက်ဖြစ်ပြီး၊ အဲ့ဒီနေရာမှာ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးနိုင်မှာ ဖြစ်သည်။ မဟာ ချင်ရဲ့ လူဦးရေ တိုးပွားလာတာနဲ့အမျှ ကိုယ်စားလှယ်အရေအတွက်လည်း တိုးပွားလာမှာကြောင့် ဒီလို အရေအတွက်ရှိတဲ့ အစည်းအဝေး ခန်းမကို တည်ဆောက်ခိုင်းခဲ့တာပဲ ဖြစ်သည်။

အဲ့ဒီအစည်းအဝေးခန်းမက ပြည်သူလူထု‌ေတွရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့အတွက် အဓိကနေရာတစ်ခုဖြစ်ပြီး၊ သူတို့တွေက နှစ်စဉ် အစည်းအဝေးတစ်ကြိမ်ကို အဲ့ဒီနေရာမှာ ပြုလုပ်ကြမှာပါ။ နောက်ဆုံးမှာတော့ ကျောက်ဖူ အဲ့ဒီ အစည်းအဝေးတွေကို တစ်နှစ်ပတ်လုံးကျင်းပဖို့ အချိန်မရှိဘူးဘဲ မဟုတ်ပါလား။

အစည်းအဝေးခန်းမဆောက်လုပ်ခြင်း၊ ကိုယ်စားလှယ်ရွေးချယ်ခြင်းတွေ ဆက်လက်လုပ်ဆောင်နေစဉ်မှာ ကျောက်ဖူ မဟာ ချင်ရဲ့  နောက်ထပ်ကိစ္စတစ်ခုဖြစ်တဲ့ စိုက်ပျိုးရေးကိစ္စကို အာရုံစိုက်ခဲ့သည်။

အခုအချိန်မှာ သစ်ရွက်တွေက အဝါရောင်ပြောင်းလာပြီး၊ အစိမ်းရောင်အရွက်တွေ ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့ပါပြီ။ ရာသီဥတုက တဖြည်းဖြည်းအေးလာခဲ့ပြီး၊ နွေရာသီလို ပူပြင်းတာတွေလည်း မရှိတော့ပါဘူး။ အခုအချိန်ဟာ ဆောင်းဦးရာသီဖြစ်ပြီး၊ ကောက်ပဲသီးနှံရိတ်သိမ်းတဲ့ အချိန်အခါလည်းဖြစ်နေခဲ့သည်။

မဟာ ချင်ရဲ့ အချက်အလက်တွေကြောင့် ကောက်ပဲသီးနှံအားလုံးဟာ အလျင်အမြန်ပဲ ကြီးထွားလာခဲ့ကြသည်။ ဒါပေမဲ့ ဆောင်းဦးရာသီမှာတော့ အပိုဆောင်းဆုကြေးအများအပြား ရရှိခဲ့တာကြောင့် ကောက်ပဲသီးနှံတွေအားလုံးက အရသာ ပိုကောင်းပြီး၊ ပိုချိုသည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Où les histoires vivent. Découvrez maintenant