အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၆၁ ) တော်ဝင်မိဖုရား
Chapter 461ကျောက်ဖူ သူတို့ရဲ့စကားတွေကို လျစ်လျူရှုခဲ့လိုက်သည်။ သူက သူတို့တွေကို မဟာ ချင်မြို့တော်ကို ခေါ်ခဲ့ကတည်းက သူတို့တွေအနေနဲ့ အသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် ဘာကတိမှ မပေးခဲ့ပါဘူး။
သို့သော် ဂျင်ရှန်းမျိုးနွယ်စုမှ လူကို ကြည့်ပြီးနောက် ကျောက်ဖူ အဲ့ဒီသူဟာ အတော်သတ္တိရှိပုံရတယ်လို့ ခံစားခဲ့ရသည်။ သူ့ကိုကြည့်ရတာ အားမတန်လို့ မာန်လျော့ခဲ့ရတဲ့ပုံပါ။သူရဲ့အရှိန်အဝါက ကျောက်ဖူထက် အားနည်းနေပေမယ့် သူက တိုက်ခိုက်ချင်စိတ်တွေ ပြည့်နှက်နေခဲ့သည်။
"ငါ စဉ်းစားဦးမယ်။ မင်းတို့ အခုထွက်သွားနိုင်ပြီ။ "
ကျောက်ဖူ သူ့စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးဖြစ်ပေမယ့် သူတို့ကို မျှော်လင့်ချက်ရှိနေတဲ့ သူတို့ရဲ့ စိတ်ကူးတွေကို တိုက်ရိုက်မငြင်းဆန်ခဲ့ပါဘူး။
ကျောက်ဖူရဲ့စကားကို ကြားပြီးနောက် သူတို့ထွက်သွားခါနီးမှာ ဂျင်ရှန်းမျိုးနွယ်စုမှ လူက အော်ဟစ်ပြောဆိုလိုက်သည်။
"မဟာ ချင်ရဲ့အမွေခံ၊ တကယ်လို့ ဒီတိုက်ပွဲမှာ ရှိနေတဲ့ ကစားသမား သန်း ၃၀ကိုသာ ငါတို့ ဂျင်ရှန်းမျိုးနွယ်စု ဦးဆောင်ခဲ့ရင် သေချာပေါက် ဒီလိုခါးခါးသီးသီးနဲ့ ဒီလိုရှုံးနိမ့်မှာတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ ငါတို့က မသေမျိုး စစ်တပ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုလောက်ကို ဖြုတ်ချနိုင်ခဲ့လိမ့်မယ်။ "
ကျောက်ဖူ မျက်မှောင်ကြုတ်သွားခဲ့သည်။ ဂျင်ရှန်း မျိုးနွယ်စုမှလူသည် ပိုပိုပြီး ရိုင်းစိုင်းကြမ်းတမ်းလာခဲ့သည်။ သူက ပုန်ကန်တော့မည့်ပုံ ပေါ်နေခဲ့သည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ။ စစ်ပွဲမှာ 'တကယ်လို့ဆိုတာတွေ' မရှိဘူး။ အောင်နိုင်သူနဲ့ ရှုံးနိမ့်သူတွေပဲ ရှိတယ်။ အောင်နိုင်သူက မဟာ ချင်၊ ရှုံးနိမ့်သူတွေက မင်းတို့အားလုံးပဲ။"
အဲ့ဒီ လူငယ်ကိုကြည့်ရင်း ကျောက်ဖူ တည်ငြိမ်စွာနဲ့ ပြောလိုက်သည်။