အပိုင်း (၄၇၅)

106 7 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၇၅ )    အသက်သစ်သီး
Chapter   475

ကျောက်ဘီလူးက သိပ်လှုပ်လှုပ်ရှားမရှိဘဲ သူ့ရဲ့အချိန်အများစုကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။ ကျောက်ဖူ အကြံအစည်တွေ ပြည့်ဝဖို့ဆို အတော်လေး ပြင်းပြင်းထန်ထန်လှုပ်နှိုးမှသာ ကျောက်ဘီလူးက နိုးလာနိုင်သည်။

ရုတ်တရက်ဆိုသလို ကျောက်ဖူ ကျောက်ဘီလူးဘေးမှာ ရှိနေတဲ့ နှစ်မီတာလောက်အမြင့်ရှိတဲ့ သစ်ပင်တစ်ပင်ကို သတိပြုမိခဲ့သည်။ ဒီသစ်ပင်ရဲ့ အကိုင်းဖြစ်စေ၊ အရွက်ဖြစ်စေ အားလုံးက အနီရောင် ဖြစ်နေခဲ့ပြီး၊ အကိုင်းတွေပေါ်မှာတော့ သစ်သီးကိုးလုံးရှိနေခဲ့သည်။

  ဒီအသီးတွေက လက်သီးဆုပ်အရွယ်လောက်ရှိပြီး၊ လူပုံစံနဲ့ ခပ်ဆင်ဆင်တူနေခဲ့သည်။ ဒီအသီးတွေက ခရမ်းရောင် ဖြစ်ပြီး၊ ဆန်းကြယ်စွာ ဝင်းလက်တောက်ပနေခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ မည်သူမဆို ဒီသစ်သီးတွေဟာ အရည်အသွေးမြင့် စိတ်ဝိညာဉ်သစ်သီးတွေဆိုတာ ပြောလို့ရနိုင်သည်။

  ကျောက်ဖူ ဒီသစ်သီးတွေက ဘာလဲဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ပိုအလေးအနက်ထားသွားခဲ့သည်။ အဲ့ဒီသစ်သီးတွေက ကံကြမ္မာပြောင်းဆေးအတွက် အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သူရှာဖွေနေတဲ့ အသက်သစ်သီးတွေ ဖြစ်နေတာကြောင့်ပါ။ ကံကြမ္မာပြောင်းလဲဆေးလုံးရဲ့ ဆေးညွှန်းတစ်ခုကို ကျောက်ဖူ ဘေးအန္တရာယ်ပွဲတော်မှ ရရှိခဲ့ပြီး၊ ဒီဆေးလုံးက အတော်လေး အကျိုးသက်ရောက်မှု ရှိနေခဲ့သည်။ 

၎င်းသည် A အဆင့် (သို့) Aအဆင့်အောက်မှာရှိနေတဲ့သူတွေကို အဆင့်အတန်း တစ်ခုပြီးတစ်ခု တိုးမြင့်ပေးနိုင်သည်။ သန့်စင်သော ကောင်းကင်နှင့်မြေကြီး ဖွဲ့စည်းခြင်းဝင်္ကပါရဲ့ အကျိုးသက်ရောက်မှုတွေနှင့် ပေါင်းစပ်လိုက်ရင်တော့ မဟာ ချင်အနေနဲ့ S အဆင့်အတန်း စစ်သည်တွေ အမြောက်အများကို မွေးထုတ်ပေးနိုင်တော့မှာပါ။

ဒီအပင်ကိုကြည့်ပြီး၊ ကျောက်ဖူ အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော်လည်း ဒီအပင်က ကျောက်ဘီလူးအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးတာကြောင့် သူက အဲ့ဒီသစ်ပင်ကို ခုချိန်ထိ မထိရသေးပါဘူး။ အကယ်၍ ကျောက်ဖူသာ သစ်ပင်ကို တစ်စုံတစ်ရာလုပ်ဖို့ ကြိုးစားလျှင်တော့  သူက ကျောက်ဘီလူးကို နှိုးလိုက်သလိုဖြစ်သွားမှာပါ။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Donde viven las historias. Descúbrelo ahora