အပိုင်း (၃၈၈)

121 13 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၃၈၈ )     စစ်မှန်တဲ့ နိုင်ငံသားတွေရဲ့ စည်းလုံးမှု
Chapter   388

အချိန်ကုန်လွန်လာတာနဲ့အမျှ ဝေပြည်ထောင်ရဲ့ စစ်သည်တွေဟာ မြို့ရိုးတွေပေါ်မှာ အဆက်မပြတ် သေကျေနေခဲ့ကြသည်။ မြောက်ဖက်နဲ့ တောင်ဖက်မြို့ရိုးတွေမှာတော့ ကြီးမားတဲ့ အက်ကြောင်းရာကြီးတွေ စတင်ထွက်ပေါ်လာခဲ့ပါပြီ။ ဧရာမ သတ္တဝါကြီး နှစ်ကောင်က မြို့ရိုးတွေကို အဆက်မပြတ် ထိုးနှက်နေခဲ့ပြီး၊ ခုခံကာကွယ်နေကြတဲ့ စစ်သည်တွေက အဲ့ဒီသတ္တဝါကြီးတွေကို ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။

အဓိက အကြောင်းအရင်းကတော့ မြို့ရိုးအောက်ဖက်ကနေ ပစ်ခတ်နေကြတဲ့ မရေမတွက်နိုင်တဲ့ လေးသမားတွေနဲ့ လောက်လွှဲတွေကနေ ထွက်ပေါ်လာတဲ့ မြှားတွေနဲ့ လောက်စာချောင်းတွေကို ဒိုင်းတွေနဲ့ ရှောင်ရှားကာကွယ်နေခဲ့ရတာကြောင့်ပါ။ စစ်သည်တွေနဲ့ ဒေသခံနေထိုင်သူတွေဟာ အတော်လေးထူတဲ့ အရာဝတ္ထုတွေရဲ့ နေက်ကွယ်မှာသာ ပုံးကွယ်နေခဲ့ကြပြီး၊ အဲ့ဒီကနေ ထွက်ခွာလိုက်တာနဲ့ သေခြင်းတရားက ကြိုဆိုနေတာကြောင့်ပါ။

တိုက်ပွဲက တစ်ဖက်သတ် ဖြစ်နေခဲ့သည်။

  ဒီကိစ္စက ဝေ ပြည်ထောင်ရဲ့လူတွေ မျှော်လင့်ထားခဲ့ပြီးသားပါ။ သူတို့တွေအနေနဲ့ မဟာ ချင်ကို အနိုင်ရဖို့ မဖြစ်နိုင်ကြောင်း နားလည်ခဲ့ပြီးသားပါ။ အဓိကပြဿနာက မဟာ ချင်ရဲ့  နည်းပရိယာယ်တွေဟာ အတော်လေး ကောင်းမွန်နေခဲ့တာကြောင့်ပါ။ သူတို့ရဲ့ ပုံရိပ်ယောင်တွေကြောင့် ဝေ ပြည်ထောင်ရဲ့လူအများစုဟာ ပိတ်ပင်ခံထားရပြီး၊ သူတို့ဆင့်ခေါ်ထားတဲ့ သားရဲတွေရဲ့ တိုက်ခိုက်ခဲ့တဲ့သားရဲတွေရဲ့ တိုက်ခိုက်မှုကိုလည်း ခံနေခဲ့ရသည်။

တကယ်လို့ ဒီအလုပ်အကိုင်နှစ်ကြောင့်သာ မဟုတ်ခဲ့ရင်တော့ တိုက်ပွဲရဲ့ မျက်နှာသာပေးမှုက မဟာ ချင် တစ်ဖက်ထဲ ရရှိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဝေ ပြည်ထောင်ရဲ့ ခုခံတွန်းလှန်မှုက စိတ်ပျက်စရာကောင်းနေမှာ မဟုတ်ပါဘူး။

"ရားးး"

ကြီးမားတဲ့ ဧရာမသားရဲကြီးနှစ်ကောင်က နောက်တစ်ကြိမ် အော်ဟစ်လိုက်တဲ့အခါမှာတော့ စွမ်းအားပြည့်ဝတဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာခဲ့ပြီး၊ သူတို့က အက်ကွဲနေတဲ့ မြို့ရိုးကို ထိုးဖောက်လိုက်ကြသည်။ နောက်ဆုံးမှာတော့ မြောက်ဖက်နဲ့ တောင်ဖက် မြို့ရိုးတွေ လဲပြိုကျသွားတဲ့အခါမှာတော့ ပေါက်ကွဲသံကြီးတွေ ထွက်ပေါ်လာခဲ့ပြီး၊ ဖုန်မှုန့်တွေ လေထဲကို လွင့်ပျံသွားခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Место, где живут истории. Откройте их для себя