အပိုင်း (၄၃၂)

105 8 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၃၂ )    ဝိုင်ဗန်နဂါး
Chapter   432

ဒီပြည်တွင်းစစ်သည် ရေရှည်မှာဝော့ တရုတ်ပြည်အတွက် မည်သူ့ကိုမျှ အကျိုးမပြုခဲ့ပါဘူး။ မည်သည့်ဆုံးရှုံးမှုမဆို တရုတ်အတွက်ဆုံးရှုံးမှုသာ ဖြစ်နေခဲ့သည်။

  မင်းဆက်အမျိုးမျိုးရဲ့ အမွေခံတွေ ပံ့ပိုးမှုဖြင့် မြောက်ပိုင်းမှ အဖွဲ့အစည်းတွေသည် မယုံနိုင်လောက်အောင် ဂုဏ်ယူ၀င့်ကြွားနေခဲ့ကြပြီး၊ မဟာ ချင်ကိုတောင် သူတို့မျက်လုံးထဲမထည့်ကြတော့ပါ။( ဂရုမစိုက်ကြတော့ပါ။)

အဖွဲ့အစည်းတွေအားလုံး စုပေါင်းလိုက်ပါက သူတို့တွေမှာ လူတွေ သန်းနှင့်ချီရှိနေတာကြောင့် မဟာ ချင်ကို ထည့်မပြောနဲ့ သူတို့တွေသည်မင်းဆက်အမွေခံတွေ အများအပြားကိုတောင် ကြောက်ရွံ့ကြမှာ မဟုတ်ပါဘူး။ သူတို့တွေအနေနဲ့ အတော်လေး ယုံကြည်ချက်ရှိနေပုံပါ။

သို့သော်လည်း သူတို့တွေရဲ့ အားနည်းချက်ကတော့ သူတို့ရဲ့အင်အားအားလုံးကို စုစည်းလို့ မရသေးတာပဲဖြစ်သည်။

မဟာ ချင်သည် သူတို့ရဲ့ စုပေါင်းအင်အားထက် ပိုအားနည်းပေမယ့် သူ့ရဲ့စစ်တပ်သည် အဲ့ဒီသူတွေ တစ်ဦးတစ်ယောက်က်ချင်းစီ ယှဉ်ပြိုင်နိုင်တဲ့ အရာမျိုးတော့မဟုတ်ပါဘူး။ ဒီကိစ္စက သူတို့အားလုံးသိထားကြတဲ့ အရာပဲဖြစ်သည်။

တရုတ်ပြည်တွင် ရှေးအကျဆုံး အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ရှေးဟောင်းမျိုးနွယ်စုတွေသည်လည်း ဤအချက်ကိုသိထားခဲ့ကြသည်။ အဲ့ဒီနောက် သူတို့တွေထဲက အကြီးအကဲဆယ်ယောက်လောက်ဟာ အဲ့ဒီကိစ္စကို ဆွေးနွေးဖို့ စုဝေးခဲ့ကြသည်။

အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။

"ငါတို့တွေအနေနဲ့ ဘယ်လို ဖြန်ဖြေပြီး၊ ဒီပြည်တွင်းစစ်ကို ဘယ်လို အဆုံးသတ်ကြမလဲ။ ဒီပြည်တွင်းစစ်သာ တကယ်ပေါက်ကွဲခဲ့ရင်တော့ တရုတ်မြောက်ပိုင်းတစ်ခုလုံး အတော်လေး ထိခိုက်သွားလိမ့်မယ်။ တရုတ်အခွင့်အလမ်းကို စောင့်နေတဲ့ဝံပုလွေတွေလည်း အများကြီးရှိနေသေးတယ်။ ငါတို့တွေ တစ်ခုခု လုပ်မှရမယ်။ "

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Tahanan ng mga kuwento. Tumuklas ngayon