အပိုင်း (၃၈၄)

125 11 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၃၈၄ )     ဘုရင်တွေရဲ့ ခေတ်
Chapter   384

ဝေ ပြည်ထောင်ဟာ နွေဦး ဆောင်းဦး ကာလမှာ ရှိခဲ့တဲ့ တိုင်းငယ်ပြည်ငယ်တစ်ခုပါ။ အဲ့ဒီပြည်ထောင်က အချိန်အကြာဆုံး တည်ရှိခဲ့တဲ့ တိုင်းပြည်တစ်ခုပဲဖြစ်သည်။ ချင်ရဲ့ ပထမဆုံး ဧကရာဇ်က အခြားပြည်ထောင်တွေကို ဖျက်ဆီးနိုင်ခဲ့ပေမယ့် ဝေ ပြည်ထောင်ကိုတောာ့ မဖျက်ဆီးနိုင်ခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ချင်ရဲ့ပထမဆုံး ဧကရာဇ်မင်းဟာ ဝေ ပြည်ထောင်ကို ဖျက်ဆီးဖို့ ဩဇာအာဏာမရှိခဲ့တာကြောင့်ပါ။ သူကအင်အားကြီး နိုင်ငံခြောက်ခုကိုတောင် ဖျက်ဆီးပစ်နိုင်ခဲ့ပြီး၊ ဘာကြောင့် ဝေပြည်ထောင်လို နိုင်ငံငယ်လေးကို မဖျက်ဆီးနိုင်ခဲ့တာလဲ။

ဘာကြောင့်လဲဆိုတော့ ဝေ ပြည်ထောင်ဟာ ချင် ပြည်ထောင်ရဲ့လက်အောက်ခံနိုင်ငံ တစ်ခုဖြစ်နေခဲ့ပြီး၊ သူတို့ရဲ့ ဆက်ဆံရေးဟာ အတော်လေးကောင်းမွန်နေခဲ့တာကြောင့်ပါ။ အခြားအကြောင်းပြချက်တစ်ခုကတော့ ဝေ ပြည်ထောင်လည်း ဖျက်ဆီးခံခဲ့ရပြီး၊ ကျန်ရှိတဲ့ မြို့အနည်းငယ်က ဝေ ပြည်ထောင်ရဲ့ နာမည်ကို ဆက်ခံခဲ့တာလို့လဲ ဆိုကြသည်။

ဝေ ပြည်ထောင်ဟာ နာမည်ပဲ ကျန်ရှိတော့ပေမယ့် ချင် ပထမဆုံး ဧကရာဇ်မင်းက အဲ့ဒီနိုင်ငံကို ဆက်လက် တည်ရှိဖို့ ခွင့်ပြုပေးထားခဲ့သည်။ ဒုတိယ ချင် ဧကရာဇ်မင်း အာဏာရလာတဲ့အခါမှာတော့ ဝေ ပြည်ထောင်ကို နာမည်ရော နိုင်ငံပါ  ဖယ်ရှားခဲ့သည်။

ဝေ ပြည်ထောင်ဟာ ပညာရှင် အမြောက်အများကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ဥပမာ ရှန်းယန်၊ ဝူချီ၊ လုပုဝေ၊ နိကျန်းနဲ့ ကျင်းကဲ တို့ဟာ သမိုင်းမှာ အတော်လေး ထင်ရှားခဲ့သည်။

  ဝေ ပြည်ထောင်ဟာ ပညာရှင် အမြောက်အများကို မွေးထုတ်ပေးခဲ့ပေမယ့် သူတို့တွေကို မထိန်းသိမ်းနိုင်ခဲ့တာကတော့ သနားစရာကောင်းနေခဲ့သည်။ ရှန်းယန်နှင့် လုပုဝေတို့က ချင် ပြည်ထောင်ကို ၀င်ရောက်ခဲ့ကြပြီး၊ ဝူချီက ချူ  ပြည်ထောင်၊ ကျင်းကဲက ရန် ပြည်ထောင်တို့နဲ့ ပူးပေါင်းသွားခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now