အပိုင်း (၄၉၈)

88 4 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၉၈ )    ရှုံးနိမ့်သွားခြင်း
Chapter   498

"တိုက်"

  တစ်စုံတစ်ယောက်ရဲ့ အားပြည့်ကျယ်လောင်တဲ့ အသံကြီးအောက်မှာ မရေတွက်နိုင်တဲ့ တရုတ်ကစားသမားတွေဟာ ရနံ့ထုံမွှန်းတဲ့လ မြို့တော်ဆီကို သမုဒ္ဒရာတစ်ခုလို တဟုန်ထိုး ပြေးလွှားဝင်ရောက်သွားခဲ့တာဟာ သူတို့ရှေ့မှာရှိနေတယ် ဘယ်အရာကိုမဆို မသုတ်သင်ရှင်းလင်းတော့မယ့်ပုံစံ ရှိနေခဲ့သည်။

မြို့ရိုးနံရံတွေပေါ်မှာတော့ မရေမတွက်နိုင်တဲ့ ခုခံကာကွယ်သူတွေက တိုက်ခိုက်လာကြတဲ့ မြောက်များလှတဲ့ တရုတ်တွေကို စူးစိုက်ကြည့်နေရင်း မယုံနိုင်လောက်အောင် စိုးရိမ်လာခဲ့ကြသည်။ ဒီတိုက်ပွဲက သိပ်လွယ်ကူမှာ မဟုတ်တာကို သူတို့တွေ သိနေခဲ့တာကြောင့် ဘယ်သူမှ သတိလက်လွတ်မနေရဲခဲ့ပါဘူး။

ထရန်ရှန်းယွီနှင့် ဟိုမင်းတို့သည် မြို့ရိုးနံရံတွေပေါ်မှာ ရပ်နေခဲ့ကြပြီး၊ တရုတ်ကစားသမားတွေကို ကြည့်ကာ သူတို့ရဲ့အမူအရာတွေဟာ အတော်လေး ခက်ထန်တင်းမာလာခဲ့သည်။ ညှိနှိုင်းဖို့အကြောင်းအရင်းမရှိတာကြောင့် အမိန့်ပေးခဲ့လိုက်ပါပြီ။

" ပစ်"

ဝှစ်၊ ဝှစ်၊ ဝှစ် ...

ခုခံကာကွယ်သူတွေက သူတို့ရဲ့လေးတွေကိုဆွဲငင်လိုက်တဲ့အခါမှာတော့ မြားတွေဟာ လေထုအတွင်း ဖြတ်သန်းသွားခဲ့ပြီး၊ မိုးရွာချလိုက်သလို ကျဆင်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပဲ ပထမမြှားလှိုင်း ကျဆင်းလာတဲ့အခါ ရိုးရှင်းလွယ်ကူတဲ့ သစ်သားဒိုင်းတွေနဲ့ ခုခံကာကွယ်လိုက်ကြတာကြောင့် တရုတ်ဖက်မှ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအချို့ ဖြစ်ပေါ်သွားခဲ့သည်။ ဒီသစ်သားဒိုင်းတွေက အဆင့် ၁ လေးသမားတွေ ပစ်လွှတ်လိုက်တဲ့ မြားတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီသစ်သားဒိုင်းတွေက ကစားသမားတွေ ပစ်လွှတ်လိုက်တဲ့ မြားတွေကိုတော့ အလွယ်တကူ ခုခံနိုင်ကြသည်။

ဗီယက်နမ်ဘက်မှာ လူ ၂.၅ သန်းရှိနေပေမယ့် ကလေးငယ်တွေနှင့် သက်ကြီးရွယ်အိုတွေကို ဖယ်လိုက်ရင်တော့ လူ ၂.၃ သန်းလောက် ရှိနေခဲ့သည်။ တရုတ်ဘက်မှာတော့ လူ ၂.၆ သန်းရှိနေခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Tempat cerita menjadi hidup. Temukan sekarang