အပိုင်း (၄၇၂)

98 9 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၇၂ )    ကမ္ဘာစွမ်းအင်
Chapter   472

"ကောင်းပြီ၊ အရှင်သခင်အစောင့်အရှောက်၊ ဒီကိစ္စအတွက် ငါ မင်းကို ကတိပေးနိုင်ပါတယ်။
မင်းရဲ့ စောင့်ရှောက်မှုအောက်မှာ ငါ ရှိနေမှာပါ။ "

  ကျောက်ဖူ သူ့ရဲ့စိတ်တွေဟာ လုံးဝပြောင်းလဲသွားခဲ့ပြီး၊ ပြုံးနေခဲ့သည်။ မဟာ ချင်အနေနဲ့ နောင်နှစ်ပေါင်း ၁၀၀ အတွင်း မပျက်စီးဖို့ အာမခံခဲ့ပြီး၊ ဒီအသူရာနဂါးရဲ စွမ်းအားကြီးတဲ့ ကာကွယ် စောင့်ရှောက်မှုကိုရရှိခဲ့တာကြောင့် သူ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ သူတို့က သန်းရာနဲ့ချီတဲ့လူတွေကို စုစည်းလာနိုင်ရင်တောင် ကျောက်ဖူအနေနဲ့ စိတ်ပူစရာ မလိုတော့ပါဘူး။

ဒီအချိန်မှာတော့ ကျောက်ဖူ အသူရာနဂါးရဲ့ အကြောင်းကို သိနေခဲ့တာကြောင့် အဲ့ဒီနဂါးဟာ ဘယ်လောင်တောင် စွမ်းအားကြီးတယ်ဆိုတာ သူ နားလည်ထားခဲ့သည်။ ဒီနဂါးဟာ ဒီကမ္ဘာ့စွမ်းအင်တွေကို အသုံးချနိုင်တဲ့သူ ဖြစ်နေခဲ့သည်။ ဘယ်သူမှ ဒီနဂါးကို မတိုက်ခိုက်နိုင်ပါဘူး။ အဲ့ဒီနဂါး ရှေ့မှာရှိနေတဲ့လူတိုင်းဟာ မယုံနိုင်လောက်အောင် အားနည်းနေခဲ့သည်။

"အင်း"

  အသူရာနဂါးက ပြောလိုက်သည်။ အဲ့ဒီနောက် သူရဲ့ ဖော်ပြလို့မရနိုင်အောင် ကြီးမားလှတဲ့ ကိုယ်ခန္ဓာကြီးဟာ ကောင်းကင်ကနေ ပျောက်ကွယ်သွားခဲ့သည်။ ကျောက်ဖူ ပျက်စီး (ရှုပ်ထွေး)ခြင်း တော်ဝင်ကြယ်ကို ပြန်ခေါ်လိုက်တဲ့အခါမှာတော့ သွေးနီရောင် အရောင်တွေဟာ တဖြည်းဖြည်း လျော့နည်းသွားခဲ့ပြီး၊ ကမ္ဘာကြီးဟာ နောက်တစ်ကြိမ် ပြန်လည်ငြိမ်းချမ်းလာခဲ့သည်။

မရေမတွက်နိုင်တဲ့ လူတွေဟာ အတော်လေး  စိတ်ရှုပ်ထွေးနေခဲ့ကြပြီး၊ ဘာတွေဖြစ်သွားခဲ့တာလဲဆိုတာကို နားမလည်နိုင်ခဲ့ကြပါ။ ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ခုက ပွင့်မလာခဲ့ဘူးလား။ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးက ဖျက်ဆီးမခံလိုက်ရဘူးလား။ အရာအားလုံးက ဒီလိုရုတ်တရက်ကြီး ဘာကြောင့်ပျောက်ကွယ်သွားရတာလဲ။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Donde viven las historias. Descúbrelo ahora