အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၄၁ ) တစ်ယောက်မှ ချမ်းသာမပေးနိုင်ဘူး။
Chapter 441မဟာ ချင်ရဲ့အမွေခံက ဒီလောက်ပြတ်ပြတ်သားသားငြင်းပယ်လိမ့်မယ်လို့ သူတို့တွေ ဘယ်တုန်းကမှ ထင်မထားခဲ့ကြပါဘူး။ တရုတ်ပြည်ရဲ့ ထိပ်တန်းအုပ်စုတွေ အားလုံးဟာ ဒီနေရာကို ရောက်နေခဲ့ကြတာပါ။ မဟာ ချင်ရဲ့ အမွေခံက တရုတ်တပြည်လုံးကို ဆန့်ကျင်ချင်နေတာလား။
"မဟာ ချင်ရဲ့ အမွေခံက တကယ်ပဲ ဒီလိုငြင်းလိုက်တာလား။ ညှိနှိုင်းဖို့အကြောင်း မရှိတော့ဘူးလား။ "
ရှေးခေတ်မျိုးနွယ်စုတွေမှ အကြီးအကဲတစ်ယောက်က လက်မလျှော့သေးဘဲ ၊မျှော်လင့်ချက်တစ်စွန်းတစ်စနဲ့ မေးမြန်းလိုက်ခဲ့သည်။
နောက်ဆုံးမှာတော့ ဒီကိစ္စကို တရုတ်တစ်နိုင်ငံလုံးက စိုးရိမ်စိတ်ပူနေခဲ့တာပဲ၊ မဟုတ်ပါလား။ ဒီမသေမျိုးဘေးအန္တရာယ်ကပ်ဘေးသာ ဆက်လက်ဖြစ်ပွားနေရင်တော့ တရုတ်ရဲ့အခြေခံ အုတ်မြစ်တွေကိုတောင် လှုပ်ခတ်ယိုင်နဲ့သွားစေနိုင်ပြီး၊ တရုတ်အုပ်စုတွေအားလုံးဟာ အပြင်းအထန် ထိခိုက်သွားနိုင်သည်။
အစိုးရအဖွဲ့အစည်းတစ်ခုမှ မျက်ခုံးထူထူနဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က မေးလိုက်သည်။
"မဟာ ချင်ရဲ့အမွေခံက ဒီဘေးဒုက္ခကို ဆက်ဖန်တီးဖို့ စိတ်ပိုင်းဖြတ်ထားတာလား။ တရုတ်လူမျိုးတစ်ယောက်အနေနဲ့ သူက တရုတ်ပြည်အတွက် မစဉ်းစားတော့ဘူးလား။ "
ကြီးမားတဲ့အာဏာကို ဆုပ်ကိုင်ထားတဲ့ အဲ့ဒီလူနှစ်ယောက်ကို ရင်ဆိုင်ရတဲ့အခါမှာတော့ စကားပြောခဲ့တဲ့ ရင်း ခေါင်းဆောင်သည် အတော်လေး စိတ်ပျက်နေခဲ့ပြီး၊ ပြန်ပြောလိုက်သည်။
"မဟာ ချင်ရဲ့အမွေခံက ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပဲ၊ အဲဒါကို အစစ်အမှန်ကမ္ဘာမှာရှိနေတဲ့ သူ့ကိုယ်စားလှယ်က ငါတို့ကို ပြောခဲ့တာ။ ငါတို့က သူ့ဆုံးဖြတ်ချက်ကို ပြောင်းလို့ မရဘူးလေ။ "
မျက်ခုံးထူထူနဲ့ သက်လတ်ပိုင်းအမျိုးသားကအေးစက်စက်နဲ့ ချောင်းဟန့်လိုက်ရင်း သူက ပြောလိုက်သည်။