အပိုင်း ၃၇၁

833 22 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၃၇၁ )      မဟာရှေးဟောင်းမြို့တော်  အရှင်သခင်
Chapter   371

ချွမ်

ဒေါင်ဖန်းရှန်က သူ့ဓါးနဲ့ စက်ဝိုင်းပုံ ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ ထက်မြက်တဲ့ ဓါးလေပြင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ နေရာ သုံးဖက်ကနေ တိုက်ခိုက်လာတဲ့ မဟာ ချင်ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေဆီ ပစ်လွှတ်တိုက်ခိုက်လိုက်တဲ့အခါမှာတော့ လုပ်ကြံသတ်ဖြတ်သူတွေဟာ လွင့်ပျံထွက်သွားခဲ့သည်။ ဒါပေမဲ့ မဟာ ချင်ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေက ဒီတိုက်ခိုက်ချက်ကို သူတို့ရဲ့ ဖုံးကွယ်ဓါးတွေနဲ့ ပိတ်ဆို့တားဆီးလိုက်ကြတာကြောင့် ဒဏ်ရာမရခဲ့ကြပါဘူး။

ဒေါင်ဖန်ရှန် မဟာ ချင်ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေဟာ ကိုင်တွယ်ဖို့ အတော်လေး ခက်ခဲနေတယ်လို့ ခံစားခဲ့ရတာကြောင့် သူက နောက်လှည့်ပြီး၊ စိုးရိမ်တကြီး မေးလိုက်သည်။

“ ယောက္ခမကြီး၊ မင်းက ဘယ်လို ပုဂ္ဂိုလ်မျိုးကိုဆန့်ကျင်ခဲ့မိတာလဲ။ ဒီလုပ်ကြံသတ်ဖြတ်သူတွေက သာမန်မြို့စောင့်စစ်သည်တွေထက် ပိုပြီး သန်မာကြတယ်။ ဒီလိုလူတွေဆိုတာ သာမာန်အဖွဲ့အစည်းတွေက မွေးထုတ်ပေးနိုင်တာမျိုး မဟုတ်ဘူး။"

သက်လတ်ပိုင်းအရွယ်လူက အတော်လေး ခါးသီးသွားခဲ့သည်။ အဲ့ဒီနောက် သူက စားသောက်ဆိုင်မှာ ဖြစ်ပျက်ခဲ့တာတွေကြောင့် သူတို့ တိုက်ခိုက်ခံရတာကို အကျဉ်းချုံးပြောပြခဲ့လိုက်သည်။

ဒေါင်ဖန်းရှန် ချက်ခြင်းဆိုသလို နားလည်သွားခဲ့ပါပြီ။ အဲ့ဒီစားသောက်ဆိုင်က အတော်လေးကို ထူးခြားသည်။ ဒါ့အပြင် ဒီစားသောက်ဆိုင်က ချပြခဲ့တဲ့ သူတို့ရဲ့စွမ်းအားက နားမလည်နိုင်လောက်အောင် ခက်ခဲလှသည်။ 

“ ယောက္ခမကြီး၊ မင်းကို ဒီပိတ်ဆို့ထားတာကနေ ငါ ခေါ်သွားပေးမယ်။ ဝမ် မိသားစုရဲ့အိမ်တော်ကို အတော်လေး အားကောင်းတဲ့ ပုံရိပ်ယောင်တွေနဲ့ ဝိုင်းရံထားတယ်။ ငါ့လူတွေလည်း ဒီထဲကို ဝင်မလာနိုင်ကြဘူး။ ”

သက်လတ်ပိုင်းအရွယ်လူက ဝမ် မိသားစုရဲ့လူတွေ သတ်ဖြတ်ခံထားရတာကို ကြည့်လိုက်ပြီး၊ စိတ်ပျက်သွားခဲ့သည်။ ဝမ် မိသားစု ဖျက်ဆီးခံခဲ့လိုက်ရပေမယ့် အနည်းဆုံးတော့ သူ အသက်ရှင်နေသေးသည်။ ဒေါင်ဖန်းရှန်ကို အမှီပြုပြီး သူ့အနေနဲ့ အစကနေ ပြန်လုပ်နိုင်သည်။ ဒါကြောင့် သူ ခေါင်းညိတ် သဘောတူခဲ့လိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Donde viven las historias. Descúbrelo ahora