အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၇၈ ) စစ်သည် ၈၀၀၀၀
Chapter 478ခဏလောက် စဉ်းစားပြီးနောက် ယုလင်းပိုင် မြို့တော်အရှင်သခင်ကို ကူညီဖို့အတွက် မြို့စောင့်စစ်သည် ၈၀၀၀၀ ကို ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပြီး၊ မြို့ကိုကာကွယ်ဖို့အတွက် စစ်သား ၂၀၀၀၀ ကို နောက်တွင် ချန်ထားခဲ့သည်။
ဟုတ်တာပေါ့။ မြို့တော်တစ်ခုလုံးကို စစ်သည် ၂၀၀၀၀ နဲ့ ကာကွယ်ဖို့ဆိုတာက ဘယ်ဖြစ်နိုင်ပါ့မလဲ။ ထို့ကြောင့် ယုလင်းပိုင် မြို့တော်ကို ကာကွယ်ဖို့အတွက် ဒေသခံအချို့ကိုလည်း စုစည်းခဲ့လိုက်သည်။ ထို့အပြင် သူက ကစားသမားတွေကိုလည်း မြို့တော်ကို အကာအကွယ်ပေးဖို့အတွက် အလုပ်တာဝန်တွေ ထုတ်ပေးခဲ့လိုက်သည်။
ဒီအချိန်မှာတော့ မြို့ခံ ၂၀၀,၀၀၀ နှင့်ကစားသမား ၆၀၀,၀၀၀ လောက်ဟာ မြို့တော်ကို ကာကွယ်ဖို့ အဆင်သင့် ရှိနေခဲ့ပါပြီ။ ဒီများပြားလှတဲ့အရေအတွက်ကြောင့် ယုလင်းပိုင် အတော်လေး စိတ်သက်သာရာရသွားခဲ့ပြီး၊ စစ်သည် ၈၀၀၀၀ ကိုခေါ်ကာ မြို့တော်အရှင်သခင်စည်းတံဆိပ် ရှိနိုင်သည့် နေရာကို ဦးတည်သွားခဲ့လိုက်သည်။
ဒေသရဲ့အလယ်ဗဟိုအနက်ရှိုင်းဆုံးနေရာမှာတော့...
ရှီဂျင်း အော်ဟစ်လိုက်ပြီး၊ မြို့တော်နှလုံးသားရဲ့ စွမ်းအားပါဝါတွေကို မြို့တော်အရှင်သခင်စည်းတံဆိပ်ကနေတဆင့် သူ့ခန္ဓာကိုယ်ထဲကို အဆက်မပြတ် ဝင်ရောက်လာစေခဲ့သည်။ ဒီအခြေအနေကြောင့် သူ့ခန္ဓာကိုယ်ကနေ
ကြောက်စရာပိုကောင်းတဲ့ အရှိန်အဝါတစ်ခု ပေါက်ကွဲသွားခဲ့ပြီး၊ အပြာရောင်မီးတောက်အရှိန်အဝါတစ်ခု သူ့ဘေးမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ကျောက်ဘီလူးရဲ့ တိုက်ခိုက်ချက်ကို ရင်ဆိုင်ရတဲ့အချိန်မှာတော့ ရှီဂျင်း အသွားတစ်ဖက်ဓါးကို သူ့လက်တစ်ဖက်နဲ့မြှောက်ကိုင်လိုက်ပြီး သူ့ရဲ့စွမ်းအားတွေကို ဓါးထဲ ပို့လွှတ်ခဲ့လိုက်သည်။ ဒီအခြေအနေကြောင့် အသွားတစ်ဖက်ဓါးဟာ စူးရှတဲ့ အပြာရောင်အလင်းတွေဖြင့် တောက်ပလာခဲ့ကာ အဲ့ဒီအလင်းတွေက ကောင်းကင်တစ်ခုလုံးကို အပြာရောင်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။ အဲ့ဒီနောက် ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်ဖက်သွားဓါးအလင်းတစ်ခုက ဓါးပတ်လည်မှာ တောက်ပလာခဲ့ကာ တိမ်တိုက်တွေကို ဝဲကတော့လို လှည့်ပတ်သွားစေခဲ့ပြီး၊ အန္တရာယ်ရှိတဲ့ အရှိန်အဝါ ပျံ့နှံ့လာခဲ့သည်။