အပိုင်း (၄၅၀)

116 9 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၅၀ )    ကောင်းကင်နဲ့ မြေပြင်ကို တုန်လှုပ်စေခြင်း
Chapter   450

ကျောက်ဖူရဲ့ စကားတွေကိုကြားတဲ့အခါမှာတော့ မြို့တော်အရှင်သခင်တွေရဲ့ အမူအရာဟာ အတော်လေး ဆိုးရွားလာခဲ့ကြသည်။ သူတို့တွေက ကျောက်ဖူနဲ့ အဆင့်မြင့်စာချုပ် ချုပ်ဆိုထားခဲ့တာကြောင့် အဲ့ဒီစာချုပ်သာပျက်သွားခဲ့ရင်တော့ သူတို့ရဲ့ မြို့တော်အရှင်သခင် စည်းတံဆိပ်တွေကို သုံးလို့မရနိုင်တော့ပါဘူး။ သူတို့ရဲ့ မြို့တော်အရှင်သခင်စည်းတံဆိပ်တွေ မရှိရင်တော့ သူတို့ရဲ့ အဆင့် ၁ စစ်သည် ၁၀၀,၀၀၀ ဟာ ဒီမရေမတွက်နိုင်တဲ့ အရိုးစုတွေကို တိုက်ခိုက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အဆင့်မြင့်စာချုပ်တွေရဲ့ ပြစ်ဒဏ်ဟာ အလွန်ပြင်းထန်သည်။ ကျောက်ဖူရဲ့ စာချုပ်က ပိုတောင်ဆိုးသည်။  ကျောက်ဖူအနေနဲ့ သူတို့ရဲ့ အဓိကမြို့တော်ကြီးတွေကို မတိုက်ခိုက်ဖို့ ကတိပေးထားခဲ့ပြီး၊ သူက ကတိပျက်လျှင်တော့ ချက်ချင်းသေဆုံးသွားမှာပါ။ ထို့အပြင် ဒီစာချုပ်က အချိန်နှစ်ဝက်သာ အသက်ဝင်သည်။

ဒီအချက်ကြောင့် မြို့တော်အရှင်သခင်တွေအနေနဲ့ လက်မှတ်ထိုးဖို့ ဆန္ဒရှိခဲ့ကြတာပါ။ သူတို့တွေကစာချုပ်ကို ချိုးဖောက်ခဲ့ရင်တော့ မသေမျိုးတပ်ဖွဲ့ကြီးက ပြန်လှည့်လာမှာဖြစ်ပြီး၊ သူတို့ရဲ့အဓိကမြို့တော်တွေဟာ လုံးဝခုခံနိုင်စွမ်ကင်းမဲ့ကာ လုံး၀ပျက်သုန်းသွားမှာပါ။ သူတို့လူတွေအားလုံးလည်း အသတ်ခံရမှာပါ။

မုတ်ဆိတ်မွှေးအနည်းငယ်ရှိနေတဲ့ မြို့တော်အရှင်သခင်တစ်ယောက်က သက်ပြင်းချပြီး၊ ပြောလိုက်သည်။

“ မင်းက ငါတို့တွေကို အန္တရာယ်ရှိတဲ့ ကိစ္စတွေ လုပ်ခိုင်းမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ မြို့တော် အရှင်သခင်တစ်ယောက်ကို သတ်တာက အန္တရာယ်အတိုင်းအတာတစ်ခုထိ ရှိတယ်။ ငါတို့က ဒီကိစ္စကို တစ်ကြိမ်ပဲ သဘောတူနိုင်မယ်။ ဒီတစ်ကြိမ်တော့ ငါတို့ လုပ်ပေးလိုက်မယ်။ နောင်အနာဂတ်မှာ ငါတို့တွေအနေနဲ့ ဘေးအန္တရာယ်မြင်းစီးသူရဲတွေကိုပဲ အကာအကွယ် ပေးတော့မယ်။"

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Onde histórias criam vida. Descubra agora