အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၇၉ ) ဘုရင့်ကံကြမ္မာ
Chapter 379ရင်း မိသားစုမှာ ရှိနေတဲ့ လူတွေအနက် ဝူချန်းနန် အကြောက်ဆုံးကတော့ မဟာ ချင်ရဲ့ အမွေခံပါ။ အခုအချိန်မှာ မဟာ ချင် အမွေခံရဲ့စွမ်းအားအရ ကမ္ဘာပေါ်မှာ သီးသန့် တစ်ဖွဲ့ထဲရှိနေတဲ့ ဘယ်အဖွဲ့အစည်းဂိုဏ်းကိုမှ ကြောက်စရာ မရှိပါဘူး။ မဟာ ချင်ရဲ့နာမည်ကိုက ကြောက်မက်ဖွယ်ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေခဲ့ပါပြီ။
ဝူချန်းနန် ရင်း မိသားစုအပေါ်ထားရှိတဲ့ သူ့ရဲ့သဘောထားနဲ့ ပတ်သက်ပြီး၊ သိပ်မသိပါဘူး။ တကယ်လို့ ဒီကိစ္စနဲ့ပက်သက်ပြီး သူမဟာ မဟာ ချင်ရဲ့အမွေခံနဲ့ ဆန့်ကျင်မိမယ်ဆိုရင်တော့ အခြေအနေတွေက အတော်လေး ဆိုးရွားသွားနိုင်သည်။ မဟာ ချင်ရဲ့အမွေခံက သူမကို ပေးလာနိုင်တဲ့ဖိအားဟာ အလွန်အမင်း ကြီးမားပြီး၊ သူ့ကို ဆန့်ကျင်မိတာက ဝူ မိသားစုနဲ့ ရင်း မိသားစုတို့ အဆက်အသွယ်ပြတ်တောက်တာမျိုးထက် ဆယ်ဆမက ပိုဆိုးရွားသွားနိုင်သည်။
သူမအနေနဲ့ ကျောက်ဖူအတွက် ရင်း မိသားစုနဲ့ မဟာ ချင်ရဲ့ အမွေခံကိုတောင် အမှန်တကယ် ဆန့်ကျင်တော့မှာလား။
ဘေးနားမှာ တိတ်ဆိတ်စွာ ရပ်နေကြတဲ့ ဝူ မိသားစုရဲ့လူတွေက မနေနိုင်တော့ပဲ ပြောလိုက်သည်။
“ ချန်းနန်၊ စိတ်လျော့လိုက်ပါ၊ ငါတို့ေတွအနေနဲ့ မင်းကို အရာအားလုံးနီးပါး ထောက်ပံ့ပေးခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို စဉ်းစားကြည့်ပါဦး။ ကမ္ဘာပေါ်မှာ လူတွေ အများကြီး ရှိပါတယ်။ နင့်ရဲ့အရည်အချင်းနဲ့ဆို သူ့ထက် အဆများစွာပိုသာတဲ့ သောင်းနဲ့ချီတဲ့လူတွေကို ကျိန်းသေပေါက် ရှာတွေ့နိုင်မှာပါ။ ကျေးဇူးပြုပြီး ငါတို့ ဝူ မိသားစုအတွက်လည်း စဉ်းစားပါဦး ။ "
ဒီလူတွေရဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါ မှာတော့ ဝူချန်းနန် တွေဝေတွန့်ဆုတ်သွားခဲ့သည်။ သူမမိသားစုရဲ့ အလေးချိန် (ဝန်)က သူမအပေါ် အကြီးအကျယ် လေးပင်နေစေခဲ့တာကြောင့်ပါ။ ဒါကြောင့် သူမ ဘာမှ ဆက်စဉ်းစားမရခဲ့ပါဘူး။
![](https://img.wattpad.com/cover/299897504-288-k396452.jpg)