အပိုင်း (၃၇၆)

145 14 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၃၇၆ )   ထာဝရ  ဧကရီ
Chapter   376

ကျူဖန်းဇီ သူ့လက်တစ်ဖက်မှ လက်ချောင်းတွေကို လက်မနဲ့ ဖိကာ မျက်လုံးတွေကို ပိတ်လိုက်ပြီး၊ ဂါထာမန္တာန်တစ်ပုဒ်ကို ရွတ်ဆိုနေခဲ့သည်။ သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ သူ့မျက်လုံးတွေထဲကနေ အပြာရောင် အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒီအခြေအနေကြောင့် သူ့မျက်လုံးတွေက ပိုမိုအားကောင်း စူးရှထက်မြက်လာခဲ့သည်။

"ဒီသခင်လေးမှာ ကြီးကျယ်တဲ့ ကံကြမ္မာရှိပြီး၊ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်မှာပါ။ "

သူက ရင်းချင်ကို သာမာန်ကာလျှံကာ ကြည့်လိုက်ပြီး၊  ၀မ်းမြောက်စကားတွေ ပြောကြားလိုက်သည်။ သူက ရင်းမိသားစုရဲ့ သခင်လေးတွေနဲ့ သခင်မလေးတွေကို ယခင်ထဲကကြည့်ထားခဲ့ပြီး၊ သူတို့ထဲကတစ်ယောက်ကမှ မဟာ ချင်ရဲ့ အမွေခံမဟုတ်ကြပါဘူး။

ဒါပေမဲ့ ရင်းမိသားစုရဲ့ အဓိက မိသားစုမှ သခင်လေးတွေနဲ့ သခင်မလေးတွေမှာ ကံကြမ္မာ အများအပြား ရှိနေခဲ့သည်။ ဘာကိုပြောချင်တာလဲဆိုရင်တော့ ထူးကဲပြောင်မြောက်တဲ့ ကံကြမ္မာတွေ ရှိနေတယ်လို့ ဆိုလိုချင်တာပါ။ ဟုတ်တာပေါ့။  သူတို့တွေက မဟာ ချင်ရဲ့ အမွေခံနဲ့တော့ ဘယ်နှိုင်းယှဉ်နိုင်ပါ့မလဲ။

ရင်းချင်ကို ကြည့်ပြီးတဲ့နောက် ဒုတိယလျှောက်လာသူကတော့ ရင်းဇီပဲဖြစ်သည်။ သူမရဲ့ ကံကြမ္မာဟာ ရင်းချင်ထက်အနည်းငယ်သာ အားနေပေမယ့် သူမရဲ့ကံကြမ္မာက အတော်လေးကောင်းမွန်နေဆဲပါ။ နောက်လာမယ့် သခင်လေးတွေနဲ့ သခင်မလေးတွေ အားလုံးမှာလည်း ကံကြမ္မာတွေ ရှိနေကြပြီး၊ သူတို့တွေရဲ့ ကံကြမ္မာက ရင်းဇီထက် အနည်းငယ် အားနည်းနေခဲ့ကြသည်။

အဓိကမိသားစုရဲ့ သခင်လေးတွေ၊ သခင်မလေးတွေ တစ်ယောက်ချင်းဆီကိုကြည့်ပြီးတဲ့နောက် ရင်းဝူ အလှည့်ရောက်လာခဲ့သည်။ ရင်း မိသားစုက သူကို မဟာ ချင်ရဲ့ အမွေခံ ဖြစ်တယ်ဆိုပြီး၊ ကြေညာခဲ့ကာ ထုတ်ဖော်ပြသခဲ့သည်။ တခြားတစ်ဖက်မှာတော့ သူ့ရဲ့ အစစ်အမှန်ကိုယ်ပိုင်ဘဝနဲ့ဆိုရင် သူဟာ ရင်း မိသားစုရဲ့ တံခါးဝကို ခြေတစ်လှမ်းတောင် လှမ်းနိုင်မှာ မဟုတ်ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Hikayelerin yaşadığı yer. Şimdi keşfedin