အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၂၆ ) အစိမ်းရောင်နဂါး
Chapter 426ဒီအချိန်မှာတော့ ကျောက်ဖူ သူ လိုချင်နေတဲ့အရာအတွက် အစီအစဉ်တစ်ခုရှိနေတာကြောင့် ပွဲတော်မှာ ပြန်လည်လှုပ်ရှားခဲ့လိုက်သည်။ အပြစ်သားနဂါးသားရဲ့ အချက်အလက်စာရင်းတွေအရ ရေကြီးခြင်း (သို့) မိုးခေါင်တဲ့နေရာတွေမှာ သူ့အတွက် အားသာချက်တွေရှိနေသည်။
သူ့အနေနှင့် ရေကြီးမှု အကြောင်းကိုတွေးမိလိုက်တဲ့အခါ ကျောက်ဖူ စိမ့်ဝင်နေတဲ့မြစ်အကြောင်းကို မေ့ထားလို့မရခဲ့ပါဘူး။ ကြီးမားတဲ့ ရေကန်ကြီးတွေ (သို့) မြစ်ကြီးတွေဟာ ရေကြီးဖို့ အတွက် အတော်လေး လွယ်ကူတာကြောင့်ပါ။ စိမ့်ဝင်နေတဲ့မြစ်ရဲ့အရွယ်အစားနဲ့ဆို ရေကြီးမှု ကြီးကြီးမားမား ဖြစ်နိုင်သည်။ စိတ်ပျက်စရာကောင်းတာတစ်ခုက နောက်ဆုံးအကြိမ်က ကျောက်ဖူ ဒီစိမ့်ဝင်နေတဲ့မြစ်မှာရှိနေတဲ့ ဧရာမမွန်းစတားကြီးကို အတော်လေး ဒေါသထွက်နေခဲ့သည်။ သူ့အနေနဲ့ အဲ့ဒီနေရာကို သွားရောက်ခဲ့ရင်တော့ အဲ့ဒီအကောင်ကြီးကို တွေ့ရှိဖို့က ကျိန်းသေနေသည်။ ထို့ကြောင့် ဒီအချိန်မှာ သူ့အနေနဲ့ စိမ့်ဝင်တဲ့မြစ်ကို သွားဖို့ အစီအစဉ်မရှိပါဘူး။
ကျောက်ဖူ ဝမ်အာဂူကို ဒေသတစ်ခုစီမှာ ဖြစ်ပွားနေတဲ့ ကပ်ဘေးတွေရဲ့ စာရင်းအချက်အလက်တွေကို ယူဆောင်လာဖို့ ပြောဆိုခဲ့ပြီး၊ အဲ့ဒီသတင်းအချက်အလက်တွေကို ကြည့်ကာ သူ့အနေနဲ့ သွားရောက်ဖို့ သင့်တော်မည့်နေရာကို ရွေးချယ်လိုက်ခဲ့သည်။
ဒီအချိန်မှာ မဟာ ချင်အနေနဲ့ အခြားဒေသ ၆၁ ခုကို သွားရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ဖွင့်လှစ်ထားခဲ့ပြီးဖြစ်တာကြောင့် သူတို့တွေမှာ ရွေးချယ်စရာများစွာ ရှိနေခဲ့သည်။ ဒေသတွေမှာ မတူညီတဲ့ ဘေးအန္တရာယ်အမျိုးမျိုးရှိနေခဲ့တာကြောင့် သိပ်မကြာခင်မှာပဲ ကျောက်ဖူ ဒေသတစ်ခုကို ရွေးချယ်ခဲ့လိုက်သည်။
အဲ့ဒီဒေသမှာ ကြီးမားတဲ့ ရေကန်ကြီးတစ်ခုရှိနေခဲ့ပြီး၊ အဲ့ဒီရေကန်က စိမ့်ဝင်နေတဲ့မြစ်လောက် မကြီးမားပေမယ့် အဲ့ဒီနေရာမှာဖြစ်ပွားနေတဲ့ ရေလွှမ်းမိုးမှု/ရေကြီးမှုက အတော်လေး ပြင်းထန်နေခဲ့သည်။