အပိုင်း (၃၉၀)

160 16 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၃၉၀ )   အချုပ်အခြာအာဏာ ပိုင်စိုးမှု
Chapter   390

အကြောင်းရင်းတစ်ခုကတော့ ဝေ ပြည်ထောင်   ရဲ့ အခြေခံ အုတ်မြစ်က ပျက်စီးသွားခဲ့တာမျိုးမဟုတ်တာကြောင့် မဟာ ရှန်နဲ့ မတူပါဘူး။ ဒါကြောင့် မြို့ကို နေရာပြန်လည်ချထားတာက မြို့ကို ပျက်စီးစေနိုင်သည်။

အခြားအကြောင်းအရင်း တစ်ခုကတော့ မြို့မှာ ရှိတဲ့ လူတွေ အားလုံးနီးပါး သေဆုံးသွားခဲ့ကြပြီး၊ လက်ရှိအချိန်မှာ ဝေ ပြည်ထောင်ဟာ လူ ၁၀၀၀၀  အောက်သာကျန်ရှိနေတော့တာပါ။ ဒီလူတွေကို ခေါ်ဆောင်သွားဖို့ဆိုတာကလည်း သိပ်မများလှတာကြောင့်ပါ။ 

တကယ်လို့ သူ့အနေနဲ့ ဝေ ပြည်ထောင်ကို မပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ ဒီလူတွေကို ဒီမြို့မှာပဲ ထားထားခဲ့တာက အကောင်းဆုံးပဲ ဖြစ်သည်။ ဝေ ပြည်ထောင်ကို မဟာ ချင်ပိုင်ဆိုင်သွားတာကြောင့် ကျောက်ဖူအနေနဲ့ အဆင့်မြင့် စစ်သည်တွေရဲ့ အလောင်းတွေကို ပြန်မယူသွားနိုင်ခဲ့တာက အတော်လေး ဝမ်းနည်းဖို့ ကောင်းနေခဲ့တာပါ။ သူတို့ရဲ့ အလောင်းတွေကို သင့်တော်သလို သင်္ဂြိုဟ်မယ့်အစား ပြန်လည်သန့်စင်လိုက်တာက ပိုကောင်းမှာ ဖြစ်တာကြောင့်ပါ။

ဒါပေမဲ့ အဲ့ဒီမြို့မှာရှိနေတဲ့ လူတစ်ယောက်နဲ့ အလောင်း ၃ လောင်းကိုဝောာ့ ယူဆောင်လာခဲ့သည်။ လူတစ်ယောက်ဆိုတာကတော့ ဝေရှင်ရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မျက်နှာဝိုင်းဝိုင်းနဲ့ လူငယ်ပဲ ဖြစ်သည်။ သူ့ကို  ဂေါင်ဘင်းလို့ ခေါ်ပြီး၊ သူက SS အဆင့်အတန်းဖြစ်ကာ ဝေ ပြည်ထောင်ရဲ့ နာမည်ကြီး စစ်သူကြီးတစ်ယောက်လည်း ဖြစ်သည်။ ကျန်တဲ့ အလောင်း ၃ လောင်းလုံးက ဝေပြည်ထောင်ရဲ့ စစ်သူကြီးတွေရဲ့ အလောင်းတွေပါ။

သူတို့ရဲ့ စစ်သူကြီးကြယ်တွေက ချိပ်ပိတ်ခံထားရတာပါ။ ဒါကြောင့် သူတို့ရဲ့အလောင်းတွေကို ပြန်လည်သန့်စင်လိုက်ပါက သူတို့ရဲ့ အဆင့်အတန်းပြောင်း အော့စ်အလုံးနဲ့ စစ်သူကြီးကြယ်ကို ရရှိနိုင်မှာပါ။ တကယ်လို့ ကျောက်ဖူအနေနဲ့ အဲ့ဒီအရာတွေကို အခြား သူတစ်စုံတစ်ယောက်နဲ့ ပေါင်းစပ်ခဲ့လိုက်ပါက အဲ့ဒီသူအနေနဲ့ စစ်သူကြီးကြယ် ရရှိဖို့ ဖြစ်နိုင်ချေများသည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Hikayelerin yaşadığı yer. Şimdi keşfedin