အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၉၉ ) ဘုရင့်စည်းတံဆိပ်
Chapter 399"စကီးးး"
သွေးနီရောင် လင်းယုန်ငှက်က အော်ဟစ်လိုက်ပြီ၊ သူ့ရဲ့တောင်ပံတွေကို ဖြန်ကျက်ကာ ပထမဆုံး ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ သူက ရှေ့ကို ထိုးတက်သွားခဲ့ပြီ၊ သူ့ရဲ့သံလက်သည်းတွေနဲ့ ကောင်းကင်မှာရှိနေတဲ့ အပြာနဂါးကို ဆွဲကုတ်လိုက်သည်။
အပြာရောင် နဂါးက မီတာ ၆၀ ခန့်သာရှိတာကြောင့် အတော်လေး သေးငယ်နေခဲ့သည်။ ဘိုင်ချီရဲ့ လင်းယုန်က စစ်သည် ၆၀,၀၀၀ ရဲ့ အရှိန်အဝါတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အတောင်ပံတစ်ဖက်စီက မီတာ ၃၀ စီလောက် ရှည်လျားတာကြောင့် အပြာရောင်နဂါးနဲ့ သိပ်မကွာနေခဲ့ပါဘူး။
လင်းယုန်ငှက်တစ်ကောင်ရဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ အပြာနဂါးဟာ သူ့ရဲ့ကိုယ်ခန္ဓာကို လှည့်လိုက်ပြီး၊ လင်းယုန်ငှက်ရဲ့ ဦးခေါင်းနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့သည်။ ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်ခုထွက်ပေါ်လာခဲ့ပြီး၊ သွေးနီလင်းယုန်ဟာ နောက်ကို လွင့်ထွက်သွားခဲ့သည်။ ဒါပေမဲ့ လင်းယုန်ငှက်ဟာ သူ့ရဲ့ခန္ဓာကိုယ်ကို လေထဲမှာပဲ မြန်မြန်ဆန်ဆန် ပြန်တည်ငြိမ်စေခဲ့သည်။ အပြာရောင် နဂါးက ကြီးမားတဲ့ ဧရာမ သွေးနီရောင်လင်းယုန်ကြီးကို သိပ်များများစားစား ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး။
သွေးနီလင်းယုန်က ဆက်မတိုက်ခိုက်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဒီအရာက နိုင်ငံတစ်ခုရဲ့ကံကြမ္မာ နဂါးဖြစ်ပြီး၊ အတော်လေး သေးငယ်ကာ ကံကြမ္မာတွေ များများစားစား မရှိပေမယ့် လင်းယုန်အနေနဲ့ သူတစ်ယောက်ထဲ ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့ အရာမဟုတ်တာကြောင့်ပါ။
ဒါပေမဲ့ အခြားသားရဲကြီးသုံးကောင်ရောက်ရှိလာပြီးနောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါပြီ။
သွေးနီရောင်လင်းယုန်က နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပါပြီ။ လင်းယုန်က အရှိန်အဟုန်ပြင်းစွာနဲ့ အောက်ကိုထိုးစိုက်ချလိုက်ပြီး၊ အပြာရောင် နဂါးကို သူ့နှုတ်သီးနဲ့ ထိုးဆိတ်လိုက်သည်။ ဒီရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ခုခံကာကွယ်မှုက အရေးမပါတော့တာကြောင့် အပြာရောင်နဂါးဟာ ရှောင်ထွက်သွားခဲ့သည်။