အပိုင်း (၄၇၄)

114 6 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၇၄ )    ကျောက်ဘီလူး
Chapter   474

“ ဘုရင်မင်းမြတ်၊ ကုသမှုခံဖို့ အချိန်ကျပါပြီ။”

ဟုမျက်နှာပေါ်တွင်နီမြန်းနေသည့် ၁၆၊ ၁၇ နှစ်အရွယ် ရှက်သွေးဖြာနေတဲ့ မျက်နှာနဲ့ အဲ့လ်ဖ် မိန်းကလေးတစ်ယောက်က လျှောက်လာခဲ့ပြီး၊ အရိုအသေပေးလိုက်ကာ အသံတိုးတိုးနဲ့ ပြောလိုက်သည်။

အက်စ်နီရဲ့ ကုသမှုစွမ်းရည်ဟာ အတော်လေး အဆင့်မြင့်နေခဲ့ပါပြီ။ အချိန်တွေကြာမြင့်လာပြီးနောက် သူမရဲ့ ကုသမှုစွမ်းရည်စကေးသည် ပထမအဆင့်ကို ကျော်လွန်လာခဲ့ပြီး၊ ဆရာသခင်အဆင့်ကို ရောက်နေခဲ့ပါပြီ။ ထို့ကြောင့် သူမရဲ့ကုသမှုစွမ်းရည်မှာ အတော်လေးကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေခဲ့သည်။

မဟာ ချင်မြို့တော်အတွင်းမှာ သူမရဲ့ကုသမှုစွမ်းရည်ဟာ ဆရာသခင်အဆင့်မှာ ရှိနေခဲ့ပြီး၊ အခြားသူတွေကတော့ အများဆုံး ပထမအဆင့်မှာသာ ရှိနေခဲ့ကြသည်။ တစ်ချိန်တည်းမှာပဲ သူမရဲ့အဆင့်အတန်းက ဒီအချိန်မှာ SSS အဆင့်အတန်းဖြစ်နေခဲ့ပါပြီ။

မဟာ ချင်မှာ SSS အဆင့် အလောင်းတွေ မရှားပါးခဲ့ပါဘူး။ နောက်ဆုံးမှာတော့ မြို့တော်အရှင်သခင်တွေရဲ့ အလောင်းတွေနှင့် သူတို့ဆီမှာရှိနေကြတဲ့ မဟာစစ်သူကြီး သုံးယောက်စီရဲ့ အလောင်းတွေအားလုံးက SSS အဆင့် တွေပဲ၊ မဟုတ်ပါလား။  စနစ်ရဲ့အဓိကမြို့တော်ကြီးလေးမြို့ကို ဖျက်ဆီးပြီးနောက် မဟာ ချင်သည် SSS အဆင့် အလောင်း ၁၆ လောင်းကို ရရှိခဲ့သည်။ ထို့အပြင် မဟာ ချင်သည် ဘေးအန္တရာယ်ပွဲတော်မှလည်း SSS အဆင့်ဆေးလုံးတွေကို ရရှိခဲ့သေးသည်။ အခုအချိန်မှာတော့ မဟာ ချင်မှာ SSS အဆင့်အတန်းပြောင်း အော့ဖ်စက်လုံးတွေ မရှားပါးဝောာ့ပါဘူး။

ကျောက်ဖူ အက်စ်နီကို အဲ့ဒီထဲက တစ်ခုပေးပြီး၊ အဆင့်အတန်းပြောင်းပေးခဲ့ရတဲ့အကြောင်းအရင်းကတော့ သူမရဲ့စွမ်းဆောင်ရည်သည် အတော်လေး ကောင်းမွန်နေခဲ့တာကြောင့်ပါ။ မဟာ ချင်အနေနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ပြဿနာအချို့ကိုဖြေရှင်းဖို့အတွက် ဆရာသခင်အဆင့်ကုသသူတစ်ယောက်လိုအပ်တယ်လို့ သူ တွေးမိခဲ့တာကြောင့်လည်းဖြစ်သည်။ 

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now