အပိုင်း (၄၁၅)

109 11 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၁၅ )   သဘာဘေးခုခံနိုင်မှု အခြေ‌အနေ စုစုပေါင်း
Chapter   415 

ထိပ်ဆုံးဆေးလုံးသုံးလုံးမှလွဲ၍ ကျောက်ဖူရဲ့ မျက်လုံးတွေကို ဖမ်းစားနိုင်တဲ့ ဆေးလုံးက အဆိပ်ပေါင်းစုံ နတ်ဘုရားဆေးလုံးပဲ ဖြစ်သည်။ အဆိပ်ပညာသည် မယုံနိုင်လောက်အောင်ဆန်းကြယ်ပြီး၊ ခုခံကာကွယ်ရန်အတွက် အတော်လေး ခက်ခဲသည်။ ဧကရာဇ်တွေတောင် အဲ့ဒီအဆိပ်တွေကို ကြောက်ကြသည်။ ထို့ကြောင့်ဧကရာဇ်အားလုံးသည် အဆိပ်ကို ကာကွယ်ဖို့ နည်းလမ်းအချို့ရှိနေခဲ့ကြသည်။

အဆိပ်ပေါင်းစုံ နတ်ဘုရားဆေးလုံနှင့်ဆိုရင်ကျောက်ဖူသည် အနာဂတ်၌ အဆိပ်မျိုးစုံကို ခုခံနိုင်လိမ့်မည်ဖြစ်သည်။ ၎င်းသည် အတော်လေးထိရောက်မှု ရှိမှာ သေချာသည်။ အနာဂါတ်မှာ သူ့ကို အဆိပ်သုံးချင်တဲ့လူတွေရှိမှာကလည်း သေချာနေသည်။ ဒါကြောင့် ဒီလိုဆေးလုံးမျိုး ရထားခဲ့ပါက သူ့အတွက် အတော်လေး အကျိုးရှိနေသည်။

အဆိပ်ပေါင်းစုံ နတ်ဘုရားဆေးလုံးမှ လွဲ၍ ဗာမီလီယန်းသွေးဆေးလုံသည် ဗာမီလီးယန်းငှက်၏ သွေးကြောကို ရရှိစေနိုင်တာကြောင့် အတော်လေး ကောင်းနေခဲ့သည်။ ဗာမီးလီယန်းငှက်သည် တရုတ်နိုင်ငံ၏ မြင့်မြတ်သည့် သားရဲသတ္တဝါလေးကောင်ထဲမှာ တစ်ကောင် အပါအ၀င်ဖြစ်တာကြောင့် ၎င်း၏ စွမ်းအားမှာ အလွန်တရာ ကြီးကျယ်မြင့်မြတ်နေတာပဲ၊ မဟုတ်ပါလား။

ဗာမီလီယန်းသွေးဆေးလုံးသည် အဆင့်ခြောက်နေရာတွင် ရှိနေတာကြောင့် အတော်လေး အစွမ်းမထက်ပေမယ့် အားနည်းမနေခဲ့ပါဘူး။

ဒသမအဆင့်မှာ ရှိနေတဲ့ ရာပေါင်းများစွာ နေနဂါးဆေးလုံးကို တွေ့ပြီးနောက် ကျောက်ဖူ မပြုံးဘဲ မနေနိုင်ခဲ့ပါဘူး။ ဒီဆေးလုံးက ယောက်ျားအများစု အလိုရှိနေတဲ့အရာဖြစ်ပြီး၊ အဲ့ဒီဆေးလုံးက အတော်လေး ရိုးရှင်းလွန်းပြီး ချဲ့ကား ပြောဆိုထားသလိုပါပဲ။

"ကျောက်ရှင်"

ရုတ်တရက်ဆိုသလို သူ့ရဲ့အနောက်ဖက်မှ ရင်းနှီးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံက ထွက်ပေါ်လာခဲ့သည်။ ကျောက်ဖူ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကျင်းယု သူ့ကို ပြုံးပြီး၊ ကြည့်နေတာကို တွေ့လိုက်ရသည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now