အပိုင်း (၄၂၅)

120 10 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၂၅ )    ကောင်းကင်ဘုံ အာရုံ(ချက္ကရ) ငါးမျိုး
Chapter   425

ရှန်းယုရဲ့စကားတွေကို ကြားတဲ့အခါမှာတော့ ကျောက်ဖူ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး၊ သူက ပြောခဲ့လိုက်သည်။

"မဟာ ချင်အတွက် ဘာအကောင်းဆုံး ဖြစ်နိုင်လဲဆိုတာ မင်း စဉ်းစားနေတယ်ဆိုတာ ငါနားလည်ပါတယ်။ ဒါဆို မင်း အခုထွက်သွားလို့ ရပြီ"

ရှန်းယူ အသက်ရဲရဲ ရှူရဲသွားနိုင်ခဲ့ပြီး၊ ဦးညွှတ်အရိုအသေပေးကာ ထွက်ခွာသွားခဲ့သည်။

ဒီအချိန်မှာတော့ သူ့အနေနဲ့ ဖီးနစ်ဧကရာဇ်ရုပ်တုအကြောင်းကို ပိုသိလာခဲ့ပြီဖြစ်တာကြောင့် ကျောက်ဖူ အဲ့ဒီအရုပ်ကို သိမ်းဆည်းလိုက်ပြီး၊ သူ့အိပ်ရာပေါ်မှာ ထိုင်လိုက်သည်။ အဲ့ဒီနောက် သူ ကျောက်စိမ်းနဲ့တူပြီး၊ မွှေးကြိုင်တဲ့ရနံ့တွေထွက်ပေါ်နေတဲ့ အစိမ်းရောင်လုံးတစ်လုံးကို ထုတ်ယူခဲ့လိုက်သည်။ ဒီဆေးလုံးက အဆိပ်ပေါင်းစုံ နတ်ဘုရားဆေးလုံးပါ။

အဆိပ်ပေါင်းစုံနတ်ဘုရားဆေးလုံးကို သုံးစွဲပြီးနောက် ကျောက်ဖူ အဲ့ဒီဆေးလုံးကို စတင်ချေဖျက်‌လိုက်ခဲ့သည်။ ဒီဖြစ်စဉ်က အတော်လေး နာကျင်စေခဲ့သည်။ ဆေးလုံးက အစာအိမ်ထဲကို  ၀င်ရောက်သွားပြီးနောက် အစိမ်းရောင်စွမ်းအင်လှိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အဲ့ဒီနောက် မရေမတွက်နိုင်တဲ့ ပုရွက်ဆိတ်တွေက သူ့အသားကိုကိုက်ဖြတ်စားသောက်နေသလိုသလို ခံစားလိုက်ရတာကြောင့် ကျောက်ဖူရဲ့အမူအရာဟာ ရှုံ့မဲ့တွန့်လိမ်သွားခဲ့သည်။

ကျောက်ဖူ သူ့မျက်လုံးတွေကို တင်းတင်းကျပ်ကျပ် မှိတ်ထားခဲ့ပြီး၊ အဲ့ဒီဆေးလုံးကို ဆက်လက်သန့်စင်လိုက်သည်။ ခဏအကြာမှာတော့ နာကျင်မှုတွေဟာ သက်သာသွားခဲ့ပါပြီ။ အစိမ်းရောင်စွမ်းအင်ကို သူ့ခန္ဓာကိုယ်ကလုံးဝစုပ်ယူသွားပြီး၊ပျောက်ကွယ်သွားခဲ့သည်။

ဒီအချိန်မှာတော့ ကျောက်ဖူရဲ့ ခန္ဓာကိုယ်ထဲမှာတော့ အစိမ်းရောင်ပန်းတစ်ပွင့် ရှိနေခဲ့ပါပြီ။ ဒီပန်းပွင့်မှာ ပွင့်ချပ် ၅ ခုနှင့် အရွက်သုံးရွက် ရှိနေခဲ့ပြီး၊ ဒီအပင်က လက်ညိုးတစ်ချောင်းစာလောက် ရှည်လျားကာ အစိမ်းရောင်အလင်းတွေ ထုတ်လွှတ်နေခဲ့သည်။  

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now