အပိုင်း (၃၉၄)

119 8 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၃၉၄ )     မဟာမင်းဆက် လေးခု
Chapter   394

ကျောက်ဖူ ဘချင်းကို ဆင့်ခေါ်လိုက်သည်။ သူမက စီးပွားရေးလုပ်ငန်းတွေကို ကြီးကြပ်ရတဲ့အတွက် ဒီကြွေထည်ပစ္စည်းတွေက ဘယ်လောက်တန်ဖိုးရှိနိုင်မလဲလို့ မေးခဲ့လိုက်သည်။ ဟုတ်ပါတယ်။ ကျောက်ဖူ ဒီကြွေထည်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချချင်နေခဲ့တာပါ။ ဒီလိုမှမဟုတ်ရင်တော့ သူ့အနေနဲ့ ဒီအရာတွေကို အားစိုက်ထုတ်ပြီး၊ ဖန်တီးနေမှာ မဟုတ်ပါဘူး။

ဒီပန်းအိုးတွေကို သေသေချာချာကြည့်ပြီးနောက်  ဘချင်း ပြုံးလိုက်ပြီး၊ ပြောလိုက်သည်။

“ ဘုရင်မင်းမြတ်၊ ဒီယင်အရိုးကြွေထည်က အတော်လေး ကောင်းမွန်ပါတယ်။ ပန်းအိုးတစ်အိုးစီကို ရွှေဒင်္ဂါးငါးပြားလောက်နဲ့ အလွယ်တကူရောင်းလို့ရနိုင်ပါတယ်။ ”

ကျောက်ဖူ ပြုံးသွားခဲ့ပြီး၊ ခေါင်းညိတ်ပြလိုက်သည်။ ဒီကြွေထည်ပစ္စည်းတစ်ခုချင်းစီဟာ ရွှေဒင်္ဂါး ၅ ပြား တန်ဖိုးရှိနေတာဟာ အရည်အသွေး အတော်လေး မြင့်မားနေတာကြောင့် စျေးကြီးနေခဲ့တာပါ။ နောက်ဆုံးမှာတော့ ရွှေဒင်္ဂါး ၅ ပြားဆိုတာဟာ ကြေးဒင်္ဂါး ၅၀၀၀၀ နဲ့ ညီမျှနေတာပဲ၊ မဟုတ်ပါလား။

အခုအချိန်မှာတော့ မဟာ ချင်ဟာ ကုန်သည်များ မဟာမိတ်အဖွဲ့ရဲ့ အဆက်မပြတ်ထောက်ပံ့တဲ့ ငွေအပေါ် မှီခိုနေရတာပါ။ အခုအချိန်မှာ ကုန်သည်များမဟာမိတ်အဖွဲ့ဟာ မယုံကြည်နိုင်လောက်တဲ့ အမြတ်အစွန်းတွေ ရရှိနေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ဒေသတွေကို ဖွင့်လှစ်ခြင်း မရှိသေးတာကြောင့်ပါ။ ဒေသတွေ ဖွင့်လှစ်ပြီးသွားရင်တော့ ကုန်သည်များမဟာမိတ်အဖွဲ့ရဲ့ အမြတ်အစွန်းတွေ ကျဆင်းသွားနိုင်သည်။

ဒါကြောင့် ဒေသတွေ ဖွင့်လှစ်တဲ့အချိန်မှာ သူတို့တွေ ပိတ်မိမနေဖို့အတွက် သူတို့တွေ ယခုကတည်းက စတင်ပြင်ဆင်ထားရမှာပါ။ ဒီယင်အရိုး ကြွေထည်က အစားထိုးနိုင်တဲ့ ပစ္စည်းကောင်းတစ်ခုဖြစ်ပြီး၊ မဟာ ချင်အနေနဲ့ ဒီကြွေထည်ပစ္စည်းကို အမြောက်အမြားထုတ်လုပ်နိုင်သည်။ မြေအောက်နယ်မြေမှာ အရည်အသွေးမြင့်မားတဲ့ အရိုးတွေများစွာ ရှိနေခဲ့တာကြောင့် မဟာ ချင်အနေနဲ့ အဲ့ဒီအရိုးပြာတွေကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Donde viven las historias. Descúbrelo ahora