အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၈၅ ) သွေးနီငရဲ
Chapter 385"ဘုရင်မင်းမြတ်၊ ဒီလက်အောက်ငယ်သားက သေထိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝေရှင်ကိုခွင့်ပြုချက်မရှိဘဲ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။"
ဂူဘိုင်လင်း စကားပြောနေစဉ်မှာပဲ သူ့နှုတ်ခမ်းကနေ သွေး အနည်းငယ် စီကျနေခဲ့သည်။ ဝေရှင်ကို သတ်ဖြတ်တာ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့တာတွေကို ကျောက်ဖူဆီ သတင်းပို့ဖို့ ချက်ချင်းပဲ သွားရောက်ခဲ့တာပါ။
ကျောက်ဖူ ထိုင်ခုံတစ်ခုမှာ ထိုင်နေခဲ့သည်။ အဲ့ဒီနောက် သူ ပြောလိုက်သည်။
“ မင်း ထနိုင်ပါပြီ။ အရေးအကြီးဆုံးကတော့ မင်း ခြေရာခံအဆောင်မှာ သူရဲ့ အရှိန်အဝါကို သော့ပိတ်ထားနိုင်ခဲ့လား၊ မပိတ်ထားနိုင်ခဲ့ဘူးလား ဆိုတာပဲ။ ”
" အဲ့ဒီအဆောင်ကို သူနဲ့ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီလက်အောက်ငယ်သားက စနစ်ရဲ့အဓိကမြို့တော်ကြီးမှာ ရှိနေတဲ့ တယ်လီပို့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာလည်း လူတွေကို စောင့်ကြပ်ခိုင်းထားပါသေးတယ်။ တကယ်လို့ သူသာ စနစ်ရဲ့ အဓိကမြို့တော်ကြီးမှာ ရှိနေသေးရင် ကျွန်တော်တို့ သတင်း သိရနိုင်ပါတယ်။ ဒါပေမယ့် ဝေရှင်သာ သူမြို့မှာရှိနေ၊ မရှိနေဆိုတဲ့ကိစ္စကိုတော့ ဒီလက်အောက်ငယ်သား သေချာ မပြောတတ်ပါဘူး။"
ကြည့်ရတာ ကျောက်ဖူ သိပ်ဒေါသမထွက်ခဲ့တာကြောင့် သူ စိတ်သက်သာရာရသွားခဲ့သည်။ ကံကောင်းတာကဝော့ ခြေရာခံအဆောင်က သူ ဝေရှင်ကို သတ်ဖို့ကြိုးစားတုန်းက ဝေရှင်ရဲ့ အရှိန်အဝါကို အလိုအလျောက် သော့ခတ်သွားခဲ့တာပါ။ ဒါပေမဲ့ ဂူဘိုင်လင်း ဝေရှင်ဟာ သူ့မြို့မှာ ရှိနေ၊ မရှိနေ ဒါမဟုတ် အခြားတစ်နေရာမှာ ရှိနေမလားဆိုတာတော့ အတည်မပြုနိုင်ခဲ့ပါဘူး။
ကျောက်ဖူ အဲ့ဒီကိစ္စကို အနည်းငယ် စဉ်းစားလိုက်ပြီး၊ ကံပေါ်မှာပဲမူတည်တယ်လို့ ဆုံးဖြတ်ခဲ့လိုက်သည်။ အဲ့ဒီနောက် သူ ပြောလိုက်သည်။