အပိုင်း (၄၃၆)

104 9 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၃၆ )    မနှစ်မြို့စရာ ခံစားချက်
Chapter   436

အဲ့ဒီစာရင်းမှာရှိနေတဲ့ အမည်တွေက ချင် ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့မှာပါဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်သည်။ သူတို့က မဟာ ချင်ကိုတိုက်ခိုက်ခဲ့တဲ့အတွက် ကျောက်ဖူ သူတို့တွေကို ခွင့်လွှတ်မပေးနိုင်တဲ့အပြင် သနားကရုဏာလည်းပြသမှာ မဟုတ်ပါဘူး။

စနစ်ရဲ့ အဓိကမြို့တော်ကြီးတွေရဲ့ အကာအကွယ်သာမရှိရင်တော့ ဒီလူတွေက မသေမျိုးကပ်ဘေးကြောင့် မြန်မြန်ဆန်ဆန်ပဲ သေဆုံးသွားကြမှာပါ။ သူတို့တွေအနေနဲ့ ကံကောင်းထောက်မပြီး၊ လွတ်မြောက်သွားခဲ့ရင်တောင် သူတို့တွေဟာ ရာဇ၀တ်မှု ကျူးလွန်ခဲ့သူတွေအဖြစ် စာရင်းသွင်းခံရပြီးဖြစ်တာကြောင့် အဓိကမြို့ကြီးတွေကို ၀င်ခွင့်မရနိုင်‌တော့တာကြောင့် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်သည်။

ဒုတိယတောင်းဆိုချက်ကတော့ ကျောက်ဖူ   အနာဂတ်တစ်စုံတစ်ခုလုပ်ကိုင်ဖို့အတွက်စုဆောင်းနေခဲ့တာပါ။

ဒီသဘောတူညီချက်တွေ ပြုလုပ်ပြီးတဲ့နောက် ကျောက်ဖူ ပြုံးလိုက်ပြီး၊ ပြောလိုက်သည်။

  "ကောင်းပြီ၊ မင်းတို့ရဲ့မြို့တော်တွေရဲ့ တံခါးတွေကို သွားပိတ်လိုက်ကြပါ။ အသက်စွမ်းအားတွေကို ဖိနှိပ်ပေးနိုင်တဲ့ ဒီဝင်္ကပါကို မင်းတို့ရဲ့မြို့တော်တွေမှာ ပြင်ဆင်လိုက်ကြပါ။ ငါက မင်းတို့ရဲ့မြို့တော်တွေကို မထိခိုက်အောင် ဒီအရိုးစုတွေကို လမ်းလွှဲပေးမယ်။ "

ကျောက်ဖူဆီမှာ တောင်းဆိုချက်နှစ်ခုသာရှိတာကို သိလိုက်ရတဲ့အခါ မြို့တော်အရှင်သခင်လေးယောက်က သက်ပြင်းချလိုကြကာ ခေါင်းညိတ်ပြလိုက်ကြသည်။ အဲ့ဒီနောက် သူတို့ကလှည့်ထွက်သွားခဲ့ပြီး၊ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ အလင်းတန်းတွေအဖြစ် ပြောင်းလဲသွားကြကာ မိုးကုပ်စက်ဝိုင်း ကျော်လွန်ပြီးနောက် ပျောက်ကွယ်သွားခဲ့ပါပြီ။ မသေမျိုးဘေးအန္တရာယ်/ကပ်ဘေးသည် ကျောက်ဖူရဲ့  ထိန်းချုပ်မှုမှနေ ကင်းလွတ်နေပြီဖြစ်တာကြောင့် သူတို့တွေအနေနဲ့ အဲ့ဒီအရာတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရတော့မှာပါ။ ဒီလိုမှ မဟုတ်ခဲ့ရင်တော့ ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေက မတွေးရဲစရာပါ။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Donde viven las historias. Descúbrelo ahora