အပိုင်း (၃၈၀)

137 10 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၃၈၀ ) ၇ ယောက်မြောက် သခင်လေး
Chapter   380

"တာအိုဆရာ ကျူ ဒီကိစ္စက အမှန်ပဲလား။ သူ့မှာ တကယ် ဘုရင့်ကံကြမ္မာရှိနေတာလား။ နောက်ပြီး သူက မဟာ ချင်ရဲ့ အမွေခံအတွက် အရေးပါတဲ့လူ ဟုတ်လား"

ကျောက်ဖူဟာ ဘုရင့်ကံကြမ္မာကို ရရှိထားတာကြောင့် သူ့ကို သမာန်ထက်ထူးခြားတဲ့သူ အဖြစ် တွေနေခဲ့ကြတာပါ။ ဒီလိုမဟာ ချင်ရဲ့ အမွေခံနဲ့ အဆက်အသွယ်ရှိကြောင်း ကြားလိုက်ရတဲ့အခါမိသားစုခေါင်းဆောင်တွေက စိတ်မလှုပ်ရှားဘဲမနေနိုင်တော့တာကြောင့် ဒီကိစ္စကို ကျူဖန်းဇီအား အလေးအနက်ထား မေးမြန်းနေခဲ့သည်။

ကျူဖန်းဇီ စိတ်ပါလက်ပါ ခေါင်းညိတ်ပြလိုက်ပြီး၊ သူဟာသူ တစ်ယောက်တည်း တွေးနေခဲ့သည်။

*ဒီနေရာမှာရှိနေတဲ့လူက မဟာ ချင်ရဲ့ အမွေခံကိုယ်တိုင်ပဲ။ ဒီလိုမှမဟုတ်ရင် ဘုရင့်ရဲ့ကံကြမ္မာကို ပိုင်ဆိုင်ပြီး၊ မဟာ ချင်ရဲ့ အမွေခံနဲ့အဆက်အသွယ် ဘယ်လိုလုပ်ပြီး ရှိနေမှာလဲ။*

ကျူဖန်းဇီ ဒီကိစ္စ အတည်ပြုပေးလိုက်တာကို မြင်တဲ့အခါမှာတော့ မိသားစုခေါင်းဆောင်တွေက ကျောက်ဖူကိုကြည့်ကာ ပြုံးပြလိုက်ကြသည်။ ဘုရင့်ကံကြမ္မာကို ပိုင်ဆိုင်ထားသူတိုင်း ဘုရင်ဖြစ်လာနိုင်တာကြောင့် သာမန်လူတွေအနေနဲ့ ဘုရင့်ကံကြမ္မာကို ဘယ်တော့မှ ရရှိမှာ မဟုတ်ပါဘူး။

ဘုရင့်ကံကြမ္မာရှိနေတဲ့ တစ်စုံတစ်ယောက် ထွက်ပေါ်လာတဲ့အခါမှာတော့ သူတို့တွေအနေနဲ့ မပျော်ရွှင်ဘဲ မနေနိုင်တော့ပါဘူး။

“ ဒီကိစ္စတွေအားလုံးက နားလည်မှုလွဲတာဖြစ်လို့၊ ဒီဖြစ်ပျက်ခဲ့တာတွေကို ပြောပြောမနေနဲ့တောာ့။ မင်းကို ကျောက်ဖူ လို့ခေါ်တယ် မဟုတ်လား။ ဒီနေ့ကစပြီး၊ ရှေ့လျောက် မင်းဟာ ရင်း မိသားစုရဲ့၇ ယောက်မြောက် သခင်လေး ဖြစ်လာပြီး၊ တခြားသူတွေလို အခွင့်အရေးတွေနဲ့ အထူး အခွင့်အရေးတွေ တန်းတူရလာလိမ့်မယ်။ "

  မိသားစုခေါင်းဆောင်တစ်ယောက်က ပြုံးနေခဲ့ပြီး၊ ကျယ်ကျယ်လောင်လောင်နဲ့ ကြေညာခဲ့လိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Donde viven las historias. Descúbrelo ahora