အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၅၅ ) သာမာန်ပြည်သူတွေအား အကြီးအကျယ် ဖျက်ဆီးခြင်း
Chapter 455မြေပြင်ပေါ်ကိုရောက်တဲ့အခါမှာတော့ အသူရာနတ်ဆိုးဟာ တောရိုင်းတိရစ္ဆာန်တစ်ကောင်လို အဆက်မပြတ်ဟိန်းဟောက် ရုန်းကန်နေခဲ့သည်။ သို့သော်လည်း မရေမတွက်နိုင်တဲ့ သံကြိုးတွေက ပိုတင်းကျပ်သထက် တင်းကျပ်လာခဲ့ပြီး၊ အသူရာနတ်ဆိုးကို မြေအောက်ထဲကို ဆွဲခေါ်သွားခဲ့သည်။
အသူရာနတ်ဆိုးက အင်အားကုန် ရုန်းကန်နေခဲ့ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ဟာရွှံ့ထဲကို နစ်မြုပ်သွားသလို မြေအောက်ကို နစ်မြုပ်သွားခဲ့သည်။ သူက စိတ်မချမ်းသားစရာ ဟိန်းဟောက်နေခဲ့ပြီး၊ မြေထဲကို အလုံးစုံနစ်ဝင်သွားပြီးနောက် အရာအားလုံးဟာ ပြန်လည်ငြိမ်းချမ်းသွားခဲ့သည်။
အကယ်၍ ကျောက်ဖူရဲ့သွေးကိုသာ အဓိက ဆင့်ခေါ်တဲ့ နေရာမှာ မသုံးခဲ့ရင်တော့ အဲ့ဒီအသူရာနတ်ဆိုးကို တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒီအချိန်မှာဝောာ့ ကျောက်ဖူ အဲ့ဒီကောင်ကြီးကို မြေအောက်မှာ ချိပ်ပိတ်ထားနိုင်ခဲ့ပါပြီ။
အသူရာနတ်ဆိုးဟာ အသိဥာဏ်မရှိတဲ့ သားရဲနှင့် ဆင်တူနေခဲ့သည်။ သူသိတဲ့ တစ်ခုတည်းသောအရာကတော့ သတ်ဖြတ်ဖို့နှင့် ဖျက်ဆီးဖို့ပဲ ဖြစ်သည်။
ဒီအလောင်း ၁၅ သန်းကို ယဇ်ပူဇော်ပြီး ဆင့်ခေါ်ထားတဲ့ အသူရာနတ်ဆိုးက ထိန်းချုပ်လို့မရတော့ဘဲ သူ့ကို ဆင့်ခေါ်တဲ့သူကိုတောင် သတ်ဖို့ကြိုးစားခဲ့သည်။ ဒါကြောင့် ဒီအသူရာနတ်ဆိုးရဲ့ စွမ်းအားက အတော်လေး ကြောက်စရာကောင်းပုံ ရနေခဲ့သည်။
အသူရာနတ်ဆိုးအား ချိပ်ပိတ်လိုက်တာကို မြင်လိုက်ပြီးနောက် မြို့တော်အရှင်သခင်တွေအားလုံးဟာ သက်ပြင်းချခဲ့လိုက်ကြသည်။ လူများစွာရှိနေတဲ့ သူတို့တောင် အသူရနတ်ဆိုးနဲ့ ရင်ဆိုင်ရာမှာ အနိုင်ရဖို့ ယုံကြည်မှု မရှိခဲ့ပါဘူး။
"ကျေးဇူးပြုပြီး၊ ခွင့်လွှတ်ပါ။ ဘုရင်မင်းမြတ်"
အဖြူ၊ အမည်း နတ္ထိသူငယ်တွေက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး၊ ကရုဏာသက်စွာနဲ့ တောင်းပန်လိုက်ကြသည်။ သူတို့ကြောင့် ကျောက်ဖူ အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့တာကြောင့်ပါ။