အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၁၁ ) နန်းကုန်း မိသားစု
Chapter 411နန်းကုန်းရှောင်က နန်းကုန်းရှူကို ခေါ်ဆောင်သွားမယ်ဆိုတာကို ကြားလိုက်ရတဲ့အခါမှာတော့ ချိုင်း မိသားစုမှ လူတွေအားလုံးဟာ အတော်လေး စိတ်မချမ်းမသာ ဖြစ်သွားခဲ့ပြီး၊ ပြောလိုက်ကြသည်။
“ အခုအချိန်မှာ နန်းကုန်းရှူက ချိုင်း မိသားစုဝင်နဲ့ အိမ်ထောင်ကျပြီးသွားခဲ့တာကြောင့် သူမကို ချိုင်း မိသားစုက ပိုင်တယ်။ ဖြစ်သည်။ သူမကြောင့် ဒီကိစ္စဖြစ်သွားပြီးကတည်းက သူမအနေနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံရလိမ့်မယ်။ ဒါ့အပြင် နိုင်ငံတစ်ခုရဲ့အမွေအနှစ်ကို ရရှိထားတဲ့ ချိုင်း မိသားစုက မင်းတို့လို မိသားစုသေးသေးလေးကို ကြောက်လိမ့်မယ်လို့ ထင်မနေနဲ့။ "
နန်းကုန်းရှောင် မူလက ပြဿနာမဖြစ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ နန်းကုန်း မိသားစုခေါင်းဆောင်တွေက နန်းကုန်း မိသားစုနဲ့ ချိုင်း မိသားစုတို့အကြား သဘောထားကွဲလွဲအောင် မပြုလုပ်ဖို့နဲ့ နန်းကုန်းရှူကို အိမ်ပြန်ခေါ်လာရင် လုံလောက်ပြီလို့ မှာကြားလိုက်တာပါ။ ဒါကြောင့် သူက အဲ့ဒီစကားတွေကို ယခင်က လစ်လျှူရှုထားခဲ့သည်။
ဒါပေမယ့် အခုအချိန်မှာတော့ သူ သည်းမခံနိုင်တော့ဘဲ အေးစက်စက် ရယ်မောလိုက်ပြီး၊ ပြောလိုက်သည်။
"ချိုင်း မိသားစုက နိုင်ငံတစ်ခုရဲ့ အမွေအနှစ်ရှိတဲ့ မိသားစုတစ်ခု ဖြစ်နေသေးတာလား။ အဲ့ဒီအရာကို မဟာ ချင်က မဖျက်ဆီးဘူးလား။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် ငါ့အစ်မကြီးကို အိမ်ပြန်ခေါ်သွားမယ်။ ချိုင်း မိသားစုအတွက်ကတော့ နန်းကုန်း မိသားစုက မင်းတို့ကို လုံးဝ မကြောက်ဘူး။"
"မင်း…"
ချိုင်း မိသားစုရဲ့လူတွေဟာ နန်းကုန်းရှောင်ရဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါ အတော်လေး ဒေါသထွက်သွားခဲ့ကြပြီး၊ တစ်စုံတစ်ခုကို ပြောဖို့ ပြင်ဆင်လိုက်စဉ်မှာပဲ ချိုင်း မိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်က အော်ပြောလိုက်သည်။