အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၆၆ ) မဟာတိုက်ပွဲ
Chapter 466တစ်ချိန်တည်းမှာပဲ နောက်ဆုံးအကြိမ် ရင်ဆိုင်ခဲ့စဉ်အချိန်က ကစားသမားတွေဟာ အရိုးစုသမုဒ္ဒရာကြီးကို မြင်တာနဲ့ ထွက်ပြေးခြင်းမှ ကာကွယ်နိုင်ဖို့အတွက် သူတို့ရဲ့ ပူးပေါင်ဆောင်ရွက်မှုတွေနှင့် တိုက်ပွဲရဲ့ သဘောတွေကို တိုးတက်လာစေဖို့အတွက် အစည်းအဝေးတွေ စတင်ခဲ့ကြသည်။
ဒီအစည်းအဝေးထဲမှာ ဖြောင့်မတ်မှန်ကန်မှုအတွက် ပူးပေါင်းခဲ့ကြတဲ့ ကစားသမားတွေကို ချီးကျူးခဲ့ကြကာ သူတို့က တရားမျှတမှုဘက်မှာ ရပ်တည်ပြီး၊ကောင်းကင်ရဲ့ဆန္ဒတွေအတွက် လုပ်ဈောင်နေကြောင်း ပြောခဲ့ကြသည်။ သူတို့တွေက မဟာ ချင် ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေအားလုံးကို ချပြခဲ့ကြပြီး၊ မဟာ ချင်သည် ခွှင့်လွှတ်လို့ မရနိုင်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တာကြောင့် အလွန် မကောင်းဆိုးဝါးဆန်တဲ့ အုပ်စုဖြစ်ကြောင်း ပုံဖော်ခဲ့ကြသည်။
မသေမျိုးကပ်ဘေး၊ မဟာ ချင် ကြေညာစာတမ်း၊ သန့်ရှင်းသော သမီးတော် ကြေညာချက်တွေကြောင့် လူအများအပြားအနေနဲ့ မဟာ ချင်ကို မုန်းတီးဖို့ အတော်လေး အကျိုးသက်ရောက်မှုရှိခဲ့ကြသည်။ ဒီကိစ္စက လူအများအပြားက မဟာ ချင်ကို မုန်းတီးနေခဲ့ပြီးဖြစ်တာ ကြောင့် ဒီအချိန်မှာ ကစားသမားတွေရဲ့ တိုက်ပွဲဦးတည်ချက်ကို အမုန်းတရားတွေနဲ့ လောင်ကျွမ်းစေခဲ့ကြသည်။
ဒါ့အပြင် ဒီအချက်ကကစားသမားတွေကို သူတို့တွေအနေနဲ့ သေချာပေါက် အနိုင်ရမှာလို့ ထင်မြင်စေခဲ့ပြီး၊ ယုံကြည်မှုပိုရှိလာစေခဲ့သည်။ ဒါကြောင့် ထောက်ခံတဲ့အဖွဲ့အစည်းတွေအားလုံးကို သူတို့တွေပြောခဲ့တာကတော့ တစ်ကမ္ဘာလုံးကတောင် သူတို့ကို ကူညီနေပြီလို့ ပြောခဲ့ကြသည်။
ဒီနည်းလမ်းတွေအားလုံးဟာ အတော်လေး ထိရောက်မှုရှိခဲ့ပြီး၊ ကစားသမားစစ်တပ်ကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုတွေဟာ နောက်ဆုံးအကြိမ်တိုက်ပွဲကထက် ပိုမိုကောင်းမွန်လာခဲ့ကြသည်။ ဒီကိစ္စဟာ သူတို့မှာရှိနေတဲ့ များပြားလှတဲ့ အရေအတွက်ကြောင့် အရေးအကြီးဆုံးကိစ္စဖြစ်နေခဲ့သည်။ တကယ်လို့ ကစားသမားတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင်တော့ တိုက်ခိုက်လို့ရမှာ မဟုတ်ဘဲ သူတို့တောင် ပြန်ရှုံးသွားနိုင်တာကြောင့်ပါ။