အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၂၈ ) မီးဘေးဆိုးသတ္တဝါ
Chapter 428ဘေးအန္တရာယ်ပွဲတော်ကာလရဲ့ လက်ကျန်အချိန်တွေမှာတော့ ကျောက်ဖူနဲ့ လောင်ရှောင်ရှောင်တို့သည် စွမ်းအားကြီးတဲ့ ဘေးဆိုးသတ္တဝါ အမျိုးမျိုးကို သတ်ဖြတ်ခဲ့ကြသည်။ အဲ့ဒီသတ္တဝါတွေထဲက အများစုက အဆင့် ၄ အထက်တွေပါ။ အဆင့် ၄ အောက်မှာရှိနေတဲ့ သတ္တဝါတွေကို သတ်ဖို့ သူတို့ စိတ်မ၀င်စားခဲ့ကြပါ။
ဒီအချိန်အတောအတွင်းမှာ ကျောက်ဖူ ဘေးဆိုးသတ္တဝါ အမျိုးအစား အများအပြားကို တွေ့ရှိခဲ့သည်။ လေဘေးဆိုးသတ္တဝါ၊ ရေဘေးဆိုးသတ္တဝါ၊ မီးဘေးဆိုးသတ္တဝါအပြင် အခြားအမျိုးအစား ခြောက်မျိုးလည်း ရှိနေခဲ့သည်။
အဲ့ဒီထဲက တစ်မျိုးကတော့ သတ္တုဘေးဆိုးသတ္တဝါပဲဖြစ်ပြီး၊ မြေနဲ့ အပင်တွေကို သတ္ထုအဖြစ် ပြောင်းလဲစေကာ အသက်တွေကို ဆုံးရှုံးစေတတ်ပါတယ်။ ဒီကိစ္စက အတော်လေးကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး၊ ပြန်ကောင်းနိုင်ဖို့က တော်တော်လေး ခက်ခဲသည်။
ဒီဘေးဆိုးသတ္တဝါတွေက မျောက်တွေနဲ့ဆင်တူပြီး၊ သတ္တုနဲ့ ပြုလုပ်ထားပုံရကာ အတောလေး မာကျောသည်။ သူတို့တွေဟာ အခြား ဘေးဆိုးသတ္တဝါတွေထက် ပိုသန်မာပြီး၊ ကိုင်တွယ်ရ အတော်လေး ခက်ခဲသည်။
ဒုတိယအမျိုးအစားကတော့ မြေကမ္ဘာဘေးဆိုးသတ္တဝါဖြစ်ပြီး၊ သူတို့တွေက ငလျင်လှုပ်ကာ အဆောက်အဦတွေ ဖျက်စီးစေနိုင်သည်။ ဒီဘေးဆိုးသတ္တဝါတွေက အဖျက်စွမ်းအားကြီးမားတဲ့ ဘေးဆိုးသတ္တဝါတစ်မျိုးပါ။
ဒီအမျိုးအစား ဘေးဆိုးသတ္တဝါတွေကို ရွှံ့နဲ့ ပြုလုပ်ထားပုံရကာ သူတို့တွေက မကြာခဏဆိုသလို မြေအောက်ကို ပုန်းလျှိုးပျောက်ကွယ်သွားတတ်တာကြောင့် ရှာဖွေဖို့နဲ့ သတ်ဖြတ်နိုင်ဖို့က အလွန်တရာ ခက်ခဲခဲ့ကြသည်။
တတိယအမျိုးအစားကတော့ သစ်သားဘေးဆိုးသတ္တဝါတွေပဲဖြစ်သည်။ သူတို့တွေက သစ်ပင်တွေကို နေရာတိုင်းမှာ ပေါက်ရောက်အောင် လုပ်နိုင်ကြသည်။ ဒါပေမယ့် သစ်ပင်တွေက အဆင်မပြေတဲ့နေရာတွေမှာ ပေါက်ရောက်ကြတာပါ။ ဥပမာအားဖြင့် လမ်းတွေ၊ လမ်းကြားတွေ ဒါမှမဟုတ် လူတွေရဲ့နေအိမ်တွေလိုမျိုး နေရာတွေမှာပါ ပေါက်ကြတာမျိုးပါ။ ဒီကိစ္စက အတော်လေး ဒုက္ခများပေမယ့် အခြားဘေးအန္တရာယ်တွေလိုတော့ ပျက်စီးမှု သိပ်မဖြစ်ပါဘူး။