အပိုင်း (၃၇၅)

148 14 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၃၇၅ )      မဟာ ချင် သွေးမျိုးဆက်
Chapter   375

"သွားကြရအောင်"

သူတို့တွေ အစည်းအဝေးကျင်းပရာ နေရာကို ရောက်ရှိလာပြီးနောက် ဝူချန်းနန် သူမရဲ့ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းလိုက်သည်။ သူမက ကျောက်ဖူရဲ့ ‌လက္မောင်းကို ကိုင်တွယ်ထားခဲ့ပြီး၊ စုရုံးနေတဲ့လူအုပ်စုဆီကို လျှောက်ဝင်သွားခဲ့သည်။

ဒီနေရာက အတော်အတန်ကျယ်ဝန်းတဲ့ ဥယျာဉ်တစ်ခု ဖြစ်ပြီး၊ လူပေါင်း ၁၀၀၀၀ ကျော်လောက်က ဒီနေရာမှာ စုရုံးနေခဲ့ကြသည်။ ကံကောင်းတာကတော့ ဒီဥယျာဉ်က အတော်လေး ကြီးမားနေခဲ့တာပါ။ ဒါလိုမှမဟုတ်ရင်တော့ ဒီလောက်များပြားတဲ့ လူတွေနဲ့ဆိုရင် ပြည့်ကျပ်နေမှာပါ။

ဝူချန်နန်က လူကြားထဲမှာ ကျောက်ဖူရဲ့ လက်မောင်းကို လူသိရှင်ကြားကိုင်လျှောက်လာခဲ့တာကြောင့် အကြည့်တွေများစွာက သူတို့အပေါ် ကျရောက်လာခဲ့သည်။

ရှေးခေတ် မိန်းမလှ အဆင့်သတ်မှတ်ချက်ဟာ မရေမတွက်နိုင်အောင် များပြားလှတဲ့လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး၊ တတိယနေရာမှာ ရှိနေတဲ့ ဝူချန်းနန်ဟာ အတော်လေး ကျော်ကြားလှသည်။ ရင်း မိသားစုရဲ့ အဓိကမိသားစုဝင်ဖြစ်စေ၊ မိသားစုခွဲမှဖြစ်စေ ဒါမှမဟုတ် မိသားစုခွဲ အဆက်အနွယ်မှလာသူဖြစ်စေ လူတိုင်းက သူမရဲ့ လှပတဲ့အသွင်အပြင်နဲ့ ပင်ကိုယ်စိတ်ထားကို သူတို့ရဲ့ကိုယ်ပိုင်အဖြစ် မြင်ချင်နေခဲ့ကြတာပါ။ (သူတို့တွေအားလုံးက သူမကို ပိုင်ဆိုင်ချင်နေကြတာပါ။)

ဒါပေမယ့် သူတို့တွေတွေ့ခဲ့တာကတော့ သူမက သာမန်ဆန်ပြီး၊ ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်နဲ့ လက်ချင်းချိတ်လာခဲ့တာကြောင့် သူတို့တွေဟာ အတော်လေး မနာလိုဖြစ်သွားခဲ့ကြကာ ရန်လိုမှုတွေ ရှိနေခဲ့သည်။

ရင်းဇီ သူမရဲ့ ညီအစ်မလို ခင်မင်နေသူက ကျောက်ဖူနဲ့  လက်ချင်းချိတ်လာတာကို တွေ့လိုက်တဲ့ အခါမှာတော့ အတော်လေး အံ့အားသင့်သွားခဲ့သည်။ ဝူချန်းနန် ကျောက်ဖူကို အရေးကြီးတဲ့ စစ်တုရင်အရုပ်အဖြစ် (သို့) သူငယ်ချင်းအဖြစ်သာ ဆက်ဆံလိမ့်မယ်လို့ သူမ ထင်ထားခဲ့တာကြောင့်ပါ။ ဒါပေမဲ့ ဒီအခြေအနေက သူမ မျှော်လင့်ထားသလို မဟုတ်ခဲ့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Nơi câu chuyện tồn tại. Hãy khám phá bây giờ