အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၄၉ ) ဘေးအန္တရာယ်စွမ်းရည်
Chapter 449ပထမလှိုင်းမှ အရိုးစုတွေဟာ ကစားသမားတပ်ဖွဲ့တွေရဲ့ အခြေအနေကိုသိဖို့ ကျောက်ဖူ အလိုအလျှောက် ပေးပို့ခဲ့တဲ့ အမြောက်စာ(ထိုးကျွေးလိုက်တဲ့နယ်ရုပ်) တွေသာဖြစ်သည်။ အစစ်အမှန်အရိုးစုစစ်တပ်က ယခု ရောက်လာတော့မယ့်တပ်ဖွဲ့ပဲဖြစ်သည်။
အနက်ရောင် မှော်ဝင်္ကပါ မသေမျိုးဘေးအန္တရာယ်/ကပ်ဘေး မဟုတ်ပါဘူး။ ဒီဝင်္ကပါက ဆင့်ခေါ်မှုအမျိုးအစားမဟုတ်ဘဲ ထောက်ပံ့မှုအမျိုးအစားဝင်္ကပါတစ်ခုပါ။ ဤဝင်္ကပါသည် အရိုးစုတပ်ဖွဲ့ကြီးအား စွမ်းအားကောင်းမွန်တဲ့ တိုက်ခိုက်မှု၊ ခုခံကာကွယ်နိုင်မှုနှင့် ပြန်လည်ကောင်းမွန်လာမှုတွေကို လုပ်ဆောင်ပေးနိုင်သည်။ ထို့အပြင် ဒီဝင်္ကပါက အရိုးစုတပ်ဖွဲ့ကြီးရဲ့ ဘေးအန္တရာယ်စွမ်းရည်ကိုလည်း တိုးတက်စေနိုင်သည်။
ဒီအနက်ရောင်မှော်ဝင်္ကပါကြောင့် မသေမျိုးကပ်ဘေးရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့သည်။ အနက်ရောင်မှော်ဝင်္ကပါက ဘေးအန္တရာယ်ဘုရင့်လက်စွပ်၏ စွမ်းအားနှင့် ပေါင်းစပ်သွားခဲ့တဲ့အခါမှာတော့ အောက်မှာရှိနေတဲ့ အရိုးစုသမုဒ္ဒရာကြီးမှာ မသေမျိုးကပ်ဘေးနှင့် အကန့်အသတ်မဲ့ဘေးအန္တရာယ်တွေ ပေါင်းစပ်သွားတာကို ဖန်တီးနိုင်ခဲ့သည်။
"မြန်မြန်၊ ပစ်ကြကွ!း"
မရေမတွက်နိုင်တဲ့ အနက်ရောင်အရိုးစုတွေဟာ အနက်ရောင်ရေလှိုင်းတွေလို စီးဆင်းလာနေတာကို မြင်တဲ့အခါမှာတော့ တပ်မှူးတွေက သူတို့ရဲ့ စစ်သည်တွေကို မြန်မြန်ဆန်ဆန် အော်ဟစ်အမိန့်ပေးခဲ့လိုက်ကြသည်။ သူတို့ရဲ့ အမိန့်ပေးသံတွေထဲမှာတော့ ကြောက်ရွံ့မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
မရေမတွက်နိုင်တဲ့ ကစားသမားတွေဟာ သူတို့ရဲ့ စိတ်အာရုံတွေကို မြန်မြန်ဆန်ဆန်ပဲ ပြန်စုစည်းလိုက်ကြပြီး၊ သူတို့ရဲ့မြားတွေနဲ့ ပစ်လွှတ်လိုက်ခဲ့ကြသည်။
ဝှစ်၊ ဝှစ်၊ ဝှစ် ...
မြားတွေက အဖြူရောင်အလင်းတွေနဲ့အတူ လေထဲကို ဖြတ်သန်းသွားခဲ့ပြီး၊ မရေမတွက်နိုင်တဲ့ အရိုးစုတွေဆီကို ဦးတည်သွားခဲ့သည်။ သို့သော်လည်း မရေမတွက်နိုင်တဲ့မြားတွေက အနက်ရောင် အရိုးစုသမုဒ္ဒရာကြီးထဲကို ကျရောက်သွားတဲ့အခါမှာဝောာ့ ဘာအကျိုးသက်ရောက်မှုမှ ထွက်ပေါ်မလာခဲ့ပါဘူး။