အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၉၃ ) ယင်အရိုး ကြွေထည်
Chapter 393ဒီစာအုပ်က ကောင်းကင်ဘုံ သတ်ဖြတ်သူ အင်ပါယာလို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်ပါယာအကြောင်း သတင်းအချက်အလက်တွေကို မှတ်တမ်းတင်ထားခဲ့တာပါ။ အဲ့ဒီအင်ပါယာရဲ့နာမည်က 'ကောင်းကင်ဘုံတွေ' ဒါမှမဟုတ် 'နတ်ဘုရားတွေ' ကိုတောင် သတ်ပစ်နိုင်တယ်လို့ ဆိုထားတာကြောင့် မြေပြင်ကို နှစ်ခြမ်းခွဲနိုင်ပြီး၊ အလောင်းတွေ တောင်လိုပုံကာ သွေးတွေ မြစ်ဖြစ်သွားနိုင်လောက်သည်။
ဒီကောင်းကင်ဘုံ သတ်ဖြတ်သူ အင်ပါယာဟာ ဒီကမ္ဘာပေါ်မှာရှိနေတဲ့ အင်အားအကောင်းဆုံး အင်ပါယာတွေထဲမှ တစ်ခုဖြစ်ပြီး၊ နတ်ဘုရားတွေတောင် လေးလေးစားစား ဆက်ဆံကြရပါတယ်။ သနားစရာကောင်းတာကတော့ ဒီအင်ပါယာဟာ ဖျက်ဆီးခံလိုက်ရတာပါ။ ဒါကြောင့် ဒီအင်ပါယာရဲ့ ရန်သူတွေက ပိုဝောာင် ကြောက်စရာကောင်းနေခဲ့သည်။
အဲ့ဒီရန်သူတွေက အတော်လေး အင်အားကြီးမားနေခဲ့သည်။ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ကောင်းကင်ဘုံ သတ်ဖြတ်သူ အင်ပါယာတောင် သူတို့လက်ထဲ ကျရောက်သွားတာကြောင့် မဟာ ချင်အနေနဲ့ အဲ့ဒီသူတွေကို ဆန့်ကျင်ဖို့ဆိုတာက အခွင့်အလမ်းတောင် မရနိုင်ပါဘူး။
ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဝင်္ကပါဟာ ဒီလိုကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ တည်ရှိမှုတစ်ခုဖြစ်ပြီး၊ ဘေးအန္တရာယ်ကျရောက်လာရတဲ့ အရင်းအမြစ်ပဲ ဖြစ်သည်။ တကယ်လို့ ဒီအချိန်မှာ မဟာ ချင်အနေနဲ့ အဲ့ဒီဝင်္ကပါပိုင်ဆိုင်ကြောင်းကိုသာ သူတို့တွေ တွေ့ရှိသွားခဲ့ရင်တော့ မဟာ ချင်ဟာ ပျက်စီးသွားရတော့မှာပါ။ မဟာ ချင်ဟာ နိုင်ငံတစ်ခုအဖြစ် ထူထောင်နိုင်ခဲ့ရင်တောင် အဲ့ဒီသူတွေကို လုံးဝဆန့်ကျင် (တိုက်ခိုက်) နိုင်မှာမဟုတ်ဘဲ အလုံးစုံ ပျက်စီးသွားရမှာပါ။
မဟာ ချင်ဟာ ဒီလိုကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရမှာဖြစ်တာကြောင့် ကျောက်ဖူရဲ့ မျက်နှာဟာ အတော်လေး ဖြူဖျော့သွားခဲ့တာပါ။ ကျောက်ဖူ ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဝင်္ကပါကို စွန့်လွှတ်ပြီး၊ မြေအောက်နယ်မြေကို ချိပ်ပိတ်ထားတဲ့တိုင်အောင် မဟာ ချင်ဟာ ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဝင်္ကပါ၊ ကောင်းကင်ဘုံ သတ်ဖြတ်သူ အင်ပါယာတို့နဲ့ ဆက်စပ်နေတာကို တွေ့ရှိသွားတဲ့အခါ အဲ့ဒီကိစ္စက အသုံးမဝင်ဖြစ်သွားမှာပါ။