အပိုင်း (၄၂၂)

100 10 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၂၂ )     သန့်ရှင်းတဲ့နယ်မြေ
Chapter   422

"ပိုင်ရှင်၊ ငါအပြင်မှာပဲ နေချင်တယ်။ ငါ မင်းကိုတောင် မပြုစုရသေးဘူး၊ ငါက ပိုင်ရှင်ရဲ့ ကြီးမားတဲ့ - ကို လိုချင်တယ်"

အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးက ကျောက်ဖူရဲ့လက်မောင်းကို သူမရဲ့ကြီးမားတဲ့ ရင်သားနဲ့ ပွတ်သပ်ရင်း ဆွဲဆောင်မှုရှိတဲ့အကြည့်နဲ့ ပြောလိုက်သည်။

သို့သော် အခြားဓါးဝိညာဉ်သုံးကောင်က ဒီအရာကို လုံး၀လက်ခံနိုင်ခဲ့ပါဘူး။ ချက်ချင်းဆိုသလို ကောင်းကင်နတ်ဆိုးက သူမရဲ့ စကားကို ဖြတ်ပြောလိုက်သည်။

  "စိတ်မမှန်တဲ့နဂါး၊ မင်း ဘယ်လောက်တောင်
အရှက်မရှိတာလဲ။"

အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးက ကောင်းကင်နတ်ဆိုးရဲ့စကားတွေကို လျစ်လျူရှုလိုက်ပြီး၊ ကျောက်ဖူရဲ့ လက်မောင်းကို ဆက်လက် ပွတ်တိုက်နေခဲ့ရင်း ရှက်ဟန်ဆောင်ကာ ဆက်ပြောလိုက်သည်။

"ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး၊ လုပ်ပါ။ပိုင်ရှင် "

ကျောက်ဖူ ဘာမှပြန်မပြောခဲ့ပါ။ တိတ်တိတ်ဆိတ်ဆိတ်သာ နေတတ်ပြီး၊ စကားနည်းတဲ့ သတ်ဖြတ်ခြင်းဝိညာဉ်သရဲကတောင် ဝင်ပြောလိုက်သည်။

"ဘယ်လောက်တောင် အရှက်မရှိရတာလဲ၊ ပိုင်ရှင်၊ မင်း သူမကို ထပ်ချိပ်ပိတ်လိုက်သင့်ပြီး၊  လွှတ်မပေးသင့်တော့ဘူး"

ဒီစကားတွေကို ကြားတဲ့အခါမှာတော့ အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ အတော်လေး ဒေါသထွက်လာခဲ့ပြီး၊ အေးစက်စက် ချောင်းဟန့်ကာ ပြောလိုက်သည်။

"ပိုင်ရှင်ရဲ့အစေခံ၊ မင်းက ပိုင်ရှင်ရဲ့ခန္ဓာကိုယ်ကို‌ေတာင် ဘယ်လို ဂရုစိုက်ရတယ်ဆို ဘာလို့မသိရတာလဲ။ ငါသာ ပိုင်ရှင်ဆိုရင်‌ေတာ့ ဦးနှောက်မရှိတဲ့ မင်းတို့လိုအစေခံတွေကို စွန့်ပစ်ခဲ့လိုက်မယ်"

ဒီစကားတွေကြောင့် အခြားဓါးဝိညာဉ်တွေဟာ ပြောစရာ စကားကင်းမဲ့သွားခဲ့ပြီး၊ သူတို့အားလုံး ခဏလောက် တိတ်ဆိတ်သွားခဲ့ကြသည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now