အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၇၇ ) ကောင်းကင်ဘုံသားတော်ရဲ့ စွမ်းအား
Chapter 377" မဟုတ်ပါ။ ရှင်က ဒီကိုတောင် ရောက်လာပြီးပြီဆိုတော့ ရှင့်ရဲ့ အခြေအနေမှန်ကို ကျွန်မသိဖို့လိုတယ်”
ဆိုပြီး၊ ဝူချန်းနန် ကျောက်ဖူ လက်ကိုဆွဲကိုင်ရင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။
ကျောက်ဖူ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။ ဒီလိုလုပ်ရင်တော့ သူ့ရဲ့ ဖုံးကွယ်ထားတဲ့ ဘဝဟာ ပေါ်ပေါက်သွားမှာပါ။ သူ့အသက်ကို အခြားသူတစ် ယောက်ရဲ့လက်ထဲထည့်ဖို့ အမှန်တကယ် မလိုချင်ခဲ့ပါဘူး။ ဒါကြောင့်ကျောက်ဖူ ပြန်ပြောလိုက်သည်။
"ချန်းနန်၊ ငါ တကယ်မသွားချင်ဘူး။ ငါ့ရဲ့ကံကြမ္မာကို အခုလေးတင် ကြည့်ပြီးပြီပဲ၊ ဒီကိစ္စက ဘာမှ ထူးလာမှာမှ မဟုတ်တာ"
“ ရှင့်ကို ကျွန်မ မယုံဘူး။ ဒီတစ်ကြိမ်တော့ ရှင် ကျွန်မစကားကို နားထောင်ပေးရမယ်။ တာအိုဆရာ ကျူရဲ့စွမ်းရည်တွေက အတော်လေးထူးခြားတယ်။ ပြီးတော့ သူက တာအို ကျောင်းတော်မှာလည်း အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။ ကျွန်မကိုယုံပါ၊ သူက ရှင့်ကို ဘာမှ လုပ်မှာမဟုတ်ပါဘူး”
ဝူချန်းနန် ကျောက်ဖူမှာ ကံကြမ္မာနဲ့ဆိုင်တဲ့ အရာတစ်စုံတစ်ခုကို ပုန်းအောင်းနေတယ်လို့ အမြဲ ခံစားခဲ့ရသည်။ ဒါကြောင့် သူမအနေနဲ့ သူ့ကံကြမ္မာဟာ ဘယ်လောက်တောင် ကြီးမားမလဲဆိုတာကို သိချင်နေခဲ့တာပါ။ ကျောက်ဖူ စိတ်မပါရင်တောင် သူ့ကို ကျူဖန်းဇီဆီ ခေါ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားခဲ့သည်။
ဝူချန်းနန်ရဲ့ စကားတွေကို ကြားတဲ့အခါမှာတော့ သူ တကယ်လိုက်သွားရတော့မယ်ဆိုတာကို ကျောက်ဖူ သဘောပေါက်သွားခဲ့သည်။ * သူ့အနေနဲ့ ဒီကိစ္စကို ခွင့်ပြုလိုက်သင့်လား။ * ဝူချန်းနန်က အတော်လေးလွှမ်းမိုး မှုရှိနေခဲ့ပြီး၊ ကျောက်ဖူကို အတင်းဆွဲခေါ်သွားခဲ့သည်။
ဒီအချိန်မှာတော့ ကျူဖန်းဇီ အပြေးအလွှားရောက်လာခဲ့သည်။ သူ့ရဲ့ဆရာက ပြေးလာတာကို မြင်တဲ့အခါမှာတော့ တာအိုဆရာ လူငယ်လေးက ချက်ချင်းပဲ ပြောလိုက်သည်။