အပိုင်း (၄၈၇)

82 5 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၈၇ )    ကျွန်မဘယ်သူလဲဆိုတာ ရှင်သိလား။
Chapter   487

မုဂူလင်း အတော်လေး အံ့သြသွားခဲ့ပြီး၊ ပြောလိုက်သည်။

  "အထူးအခွင့်အာဏာရ မိသားစု ခေါင်းဆောင်၊ မင်း သူတို့တွေကို အနည်းဆုံးဝောာ့  တွေ့ချင်မှာပဲမဟုတ်လား။ သူတို့တွေက ပြိုင်ဘက်ကင်း မိန်းမလှလေးတွေပါ။ သူတို့တွေကို တွေ့ရဖို့ခက်တယ်လေ။"

" သူတို့တွေထဲမှာမှ အထူးသဖြင့် ဖန်းရှီယုနဲ့ လီမုချင်းလို့ ခေါ်တဲ့နှစ်ယောက်ပဲ၊ သူတို့နှစ်ယောက်လုံးက တော်တော်လေးလှပပါတယ်။ ရင်း မိသားစုနေအိမ်ကို ရောက်လာပြီးတဲ့နောက် ရင်း မိသားစုရဲ့မရေမတွက်နိုင်တဲ့အဖွဲ့ဝင်တွေက  သူတို့ကို သွားကြည့်ကြတယ်လေ။ သူတို့တွေက အမွေခံရဲ့ အမျိုးသမီးတွေသာ မဟုတ်ခဲ့ရင်တော့  မရေတွက်နိုင်တဲ့ ရင်း မိသားစုဝင်တွေက သူတို့တွေနောက်ကို ရူးရူးမူးမူးနဲ့ လိုက်ဖို့ အသင့်ပဲ။"

အခုအချိန်မှာတော့ သက်တော်စောင့်က အစားအသောက်တွေနဲ့အတူ ပြန်ရောက်လာခဲ့ပါပြီ။  ထို့ကြောင့် ကျောက်ဖူ စတင်စားသောက်လိုက်ပြီး၊ သိပ်ဂရုမစိုက်တဲ့ လေသံဖြင့် ပြန်ပြောလိုက်သည်။

  "အဲ့ဒါ ဘာဖြစ်လဲ။ သူတို့က လှပရင်တောင် အမွေခံရဲ့ အမျိုးသမီးတွေဘဲ။ အဲဒီအမျိုးသမီးတွေနဲ့ ငါနဲ့က ဘာဆိုင်လို့လဲ"

ဟုတ်တာပေါ့။ ဒီကိစ္စတွေက လုံးဝအရေးမပါတဲ့အရာတွေပါ။ သူဟာ မဟာ ချင်ရဲ့အမွေခံ ဖြစ်တာကြောင့် ဒီကိစ္စတွေဟာ သူနှင့် ဘာလို့မဆိုင်ရမှာလဲ။

သို့သော် ကျောက်ဖူ ဒီကိစ္စအတွက် အချိန်သိပ်မဖြုန်းချင်ပါဘူး။ အစားအစာတွေကို စားသောက်ပြီးနောက် သူ့အနေနဲ့ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးကို ပြန်သွားပြီး၊ အနောက်ပိုင်း ဒယ်အိုးမြို့တော်ကို တိုက်ခိုက်ချင်နေခဲ့သည်။ သူ့အတွက် အချိန်က ရှားပါးနေခဲ့သည်။ ဒါကြောင့် အဲဒီလူတွေအတွက် သူ့မှာ အချိန်မရှိပါဘူး။

ဒီအချိန်မှာ မုဂူလင်း ရုတ်တရက်ဆိုသလို ခေါင်းငုံ့လာခဲ့ပြီး၊ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Où les histoires vivent. Découvrez maintenant