အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၁၀ ) ဧကရာဇ်ရဲ့ အခွင့်ထူး
Chapter 410ကျောက်ဖူရဲ့ စကားတွေကိုကြားတဲ့အခါမှာတော့ အဲ့ဒီစစ်သည်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။
“ ဘုရင်မင်းမြတ်၊ ဒီသတင်းမှာ ပြောထားတာကတော့ တိုက်ပွဲ့မြို့တော်ရဲ့ မြို့တော်အရှင်သခင်က ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး၊ သေဆုံးသွားခဲ့တယ်လို့ ပြောထားပါတယ်။ ဒီအခြေအနေကြောင့် တိုက်ပွဲမြို့တော်ဟာ အတော်လေး ရှုပ်ထွေးနေပြီး၊ အုပ်စုအဖွဲ့အစည်း တစ်ခုချင်းစီက အာဏာရယူဖို့ ကြိုးစားနေကြပါတယ်။ ရန်ပွဲတွေ အများကြီး ဖြစ်ပွားခဲ့ပေမယ့် မြို့စောင့်တွေကတော့ လျစ်လျူရှု့ထားခဲ့ပါတယ်။ ဘုရင်မင်းမြတ်ကိုယ်တိုင်သွားကြည့်တာကတော့ အကောင်းဆုံးပါပဲ။
*မြို့တော် အရှင်သခင်ရာထူးအတွက် တိုက်ပွဲတွေက ဒီလောက်တောင် မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့တာလား။* ကျောက်ဖူ ဒီအရာကို မမျှော်လင့်ထားခဲ့ပါဘူး။ သူ ခေါင်းညိတ်ပြလိုက်ပြီးနောက် အဲ့ဒီစစ်သည် ပြန်ထွက်သွားခဲ့သည်။
အတန်ကြာ စဉ်းစားလိုက်ပြီးနောက် ကျောက်ဖူ ထလိုက်ပြီး၊ နန်းကုန်းရှူကို ကြည့်ကာ ပြောလိုက်သည်။
"ငါ မဟာ ချင်ကို ပြန်ရတော့မယ်"
နန်းကုန်းရှူ ကျောက်ဖူမှာ ဆောင်ရွက်စရာ ကိစ္စတွေရှိနေတာကို နားလည်တဲ့အတွက် သူမပြုံးပြလိုက်ကာခေါင်းညိတ်ပြလိုက်ပြီး၊ ပွေ့ဖက်ကာ မေးလိုက်သည်။
"ဘုရင်မင်းမြတ်၊ ဒီအချိန်က.... "
ကျောက်ဖူ ရုတ်တရက်ဆိုသလို ပေါ့ပေါ့ပါးပါး ရယ်မောခဲ့လိုက်သည်။ သူ့အနေနဲ့ အဲ့ဒီကာမကိစ္စတွေကို ထိန်းချုပ်ထားတာကနေ လွတ်ထွက်သွားတဲ့အတွက် အတော်လေး အံအားသင့်နေခဲ့သည်။ ဒါပေမယ့် အဲ့ဒီအတွေ့အကြုံက အတော်လေး စိတ်၀င်စားစရာ ကောင်းနေခဲ့သည်။
ကျောက်ဖူ နန်းကုန်းရှူနဲ့သူ့ကြားမှာ အခုချိန်ထိ မည်သည့်ခံစားချက်မျှ မရှိသေးကြောင်း သိထားခဲ့သည်။ ဒီကိစ္စတွေအားလုံးက ခဏတာစိတ်ဆန္ဒပါ။ တကယ်လို့ သူတို့တွေက အစည်းအဝေးပြီးပြီးချင်းမှာ ခံစားချက်တွေကို ဖွင့်ဟခဲ့ရင်တော့ အဲ့ဒီကိစ္စက အတော်လေး ထူးဆန်းသွားမှာပါ။
![](https://img.wattpad.com/cover/299897504-288-k396452.jpg)