အပိုင်း (၄၆၈)

123 7 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၆၈ )    အမြစ်ဖြတ်သုတ်သင်ချေမှုန်းမည့်ကပ်ဘေး
Chapter   468

ဘုန်းးး

ကြီးမားတဲ့ ဧရာမပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာခဲ့တာကြောင့် ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာမှာရှိနေတဲ့ လူတိုင်းဟာ အဲ့ဒီအသံကြီးကို ကြားလိုက်ကြရပြီး၊ အသံထွက်ပေါ်လာရာ မြောက်ဘက်ပိုင်းကို လှမ်းကြည့်လိုက်ကြသည်။

ပန်ဒြာဂွန်ရဲ့ အမွေခံ၊ ရောမအင်ပါယာရဲ့အမွေခံ၊ အီဂျစ်ပြည်ရဲ့အမွေခံ၊ မဟာ ရှရဲ့ အမွေခံ၊ မဟာ ရှန်ရဲ့ အမွေခံ၊ မဟာ တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ ယင်ယန်ကျောင်းတော်ရဲ့ အကြီးအကဲ၊ ဗုဒ္ဓဂိုဏ်းမှ ကျောင်းထိုင်ဆရာတော်၊ ဗာတီကန်မှ ပုတ်ရဟန်းမင်းကြီး........

မရေမတွက်နိုင်တဲ့ လူတွေက တစ်စုံတစ်ခုကို ခံစားသိရှိလိုက်ကြပုံရနေခဲ့ကြသည်။ ဒီခံစားမိတဲ့အရာက အမြစ်ဖြတ် သုတ်သင်ချေမှုန်းမည့် ကပ်ဘေးတစ်ခု ကျရောက်လာတော့မည်ပုံစံနှင့် ဆင်တူနေသည်။ အဲ့ဒီနောက် သူတို့ရဲ့ အမူအရာတွေဟာ ကြောင်လန့်စိတ်တွေ ပြည့်နှက်သွားခဲ့ကြသည်။ အဲ့ဒီနောက် သူတို့က ထိတ်လန့်တကြားနဲ့ မြန်မြန်ဆန်ဆန် ပြောဆိုလိုက်ကြသည်။

" အားလုံးပဲ၊ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးကနေ ထွက်သွားကြတော့။"

သူတို့ရဲ့ခေါင်းဆောင်တွေ အဝော်လေး ထိတ်လန့်တကြားဖြစ်သွားကြတဲ့အဖြစ်အပျက်ကို နားမလည်နိုင်ခဲ့ကြပေမယ့်၊ လူတိုင်းက သူတို့ရဲ့ အမိန့်ကိုနာခံလိုက်ကြပြီး၊ ထွက်ခွာဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့တွေဟာ စနစ်ရဲ့ ကြေညာချက်တစ်ခုကိုသာ လက်ခံရရှိခဲ့သည်။

  "စနစ်ကြေညာချက်၊ ပုံမှန်မဟုတ်တဲ့ အပြောင်း အလဲများကြောင့် သင်သည် ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးမှ မထွက်ခွာနိုင်ပါ။ "

  စနစ်ရဲ့ကြေညာချက်တွေက အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ဒီအချိန်မှာတော့ သူတို့ နောက်ကျသွားခဲ့ပါပြီ။

ကြီးမားလှတဲ့ သွေးနီရောင် ကြယ်ကြီးတစ်လုံးက အကန့်အသတ်မရှိတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်ပြီး၊ ကောင်းကင်ကနေ တဖြည်းဖြည်း ဆင်းသက်လာတာကို လူတွေအားလုံးတွေ့မြင်လိုက်ကြရသည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now