အပိုင်း (၄၃၄)

104 9 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄၃၄ ) မသေမျိုးဘေးအန္တရာယ်
Chapter 434

အရိုးစုသမုဒ္ဒရာကြီးကနေ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်အသံကြီးတစ်ခုဟာ ရေလှိုင်းတွေလို ရှေ့ကို စီးဆင်းသွားခဲ့သည်။ သေခြင်းတရား အငွေ့အသက်အရှိန်အဝါတွေရဲ့ ကြီးမားတဲ့ ပမာဏဟာ မီးခိုးရောင်တိမ်တိုက်တွေထဲကို စုပြုံဝင်ရောက်သွားခဲ့တာကြောင့် သေခြင်းတရားရဲ့ အရှိန်အဝါတွေဟာ မြေပြင်ကို ဖိစီးလာခဲ့ပြီး၊ သတ္တဝါတွေရဲ့ တက်ကြွဖြတ်လပ်မှုတွေဟာ ပျောက်ဆုံးလာခဲ့သည်။ မြက်ပင်တွေနှင့် အပင်တွေဟာလည်း ညှိုးနွမ်းခြောက်သွေ့သွားခဲ့ကြပြီး၊ သေဆုံးလာခဲ့ကြသည်။

မရေမတွက်နိုင်တဲ့ အရိုးစုတွေဟာ အတော်လေး လျင်မြန်တာကြောင့် မကြာခင်မှာပဲ အရိုးစုပင်လယ်ဟာ မြေပြင် ဆယ်ကီလိုမီတာလောက်ကို ဝါးမျိုလိုက်ပြီး၊ မြန်မြန်ဆန်ဆန်နဲ့ ရှေ့ကိုဆက်သွားနေခဲ့ပါပြီ။

သေးငယ်ပြီး၊ အကာအကွယ်မဲ့နေတဲ့ ရွာငယ်တစ်ခုဟာ အရိုးသမုဒ္ဒရာထဲမှာ အချိန်တစ်ခဏအတွင်း နစ်မြုပ်သွားခဲ့ပြီး၊ ဘာမှတောင် မလုပ်နိုင်ခဲ့ပါဘူး။ အရိုးစုဆယ်ကောင်လောက်ဟာ ကျားတစ်ကောင်ဆီကို ပြေးဝင်သွားခဲ့ပြီး၊ သူတို့ရဲ့ ချွန်ထက်တဲ့လက်တွေနဲ့ ကျားရဲ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းလိုက်တဲ့အခါမှာတော့ အဲ့ဒီကျားဟာ ‌နာကျင်အော်ဟစ် သေဆုံးသွားခဲ့ရသည်။

အရိုးစုအနည်းငယ်က နှေးကွေးနေတဲ့ ဆိတ်တစ်အုပ်ကို ဖမ်းမိခဲ့ပြီး၊ ဆိတ်တွေဟာ ကြောက်လန့်တကြားနဲ့ အော်ဟစ်ရုန်းကန်နေခဲ့ကြသည်။ အဲ့ဒီနောက် သူတို့တွေဟာ အရိုးစုတွေရဲ့ ကိုက်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့သည်။

လူဆယ်ယောက်လောက်ရှိတဲ့ အဖွဲ့ငယ်တစ်ဖွဲ့ဟာ အသည်းအသန်ပြေးလွှားနေခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ သူတို့တွေသည် သက်လုံကုန်ဆုံးသွားခဲ့တာကြောင့် စက္ကန့်ပိုင်းအတွင်း မရေမတွက်နိုင်တဲ့ အရိုးစုတွေလက်ထဲကို ကျရောက်သွားခဲ့သည်။

မရေမတွက်နိုင်တဲ့ အရိုးစုတွေသည် မမောပန်းနိုင်ကြဘဲ ရှေ့ကိုပြေးလွှားနေခဲ့ကြကာ သူတို့ရဲ့ လမ်းကြောင်းမှာ ရှိနေကြတဲ့ သက်ရှိသတ္တဝါတွေအားလုံးကို သတ်ဖြတ်ပြီး၊ အဲ့ဒီသတ္တဝါတွေရဲ့ အသက်အရှိန်အဝါတွေကို စုပ်ယူလိုက်ကြကာ သူတို့ရဲ့ကြီးထွားလာမှုကို အားဖြည့်ခဲ့ကြသည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now