အပိုင်း (၄၆၅)

98 2 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း   ( ၄၆၅ )    သေစေနိုင်တဲ့ ရည်ရွယ်ချက်
Chapter   465

သူတို့ရဲ့ နောက်ဆုံးအချိန်ကအတွေ့အကြုံတွေကြောင့် မြောက်ဘက်ပိုင်းမှ အဖွဲ့အစည်းတွေဟာ အနည်းငယ်မျှ သတိလက်လွတ် မလုပ်ရဲတော့ပါဘူး။ သူတို့မှာ အကြွင်းမဲ့ အားသာချက်တစ်ခုရှိနေခဲ့ပေမဲ့ သူတို့က မဟာ ချင်ကို ရင်ဆိုင်နေရတာကို နားလည်တာကြောင့် သူတို့က ပြင်ဆင်မှုတွေ အမျိုးမျိုးကို လုပ်ဆောင်ခဲ့ကြသည်။

မဟာ ချင်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ၊း။ သူ့အင်္ကျီလက်ထဲမှာ ဘာကြောက်စရာကောင်းတဲ့ ကဒ်ပြားတွေ/ဝှက်ဖဲတွေ ရှိနေလဲဆိုတာက ပြောဖို့ခက်သည်။ ဒါကြောင့် သူတို့အနေနဲ့ ဒီတခါမှာ လုံလောက်တဲ့ပြင်ဆင်မှုတွေလုပ်ပြီး၊ အကြွင်းမဲ့ ဖျက်စီးပစ်ရမှာပါ။

အကယ်၍ သူတို့က မဟာ ချင်ကို အမှန်တကယ်ဖျက်ဆီးနိုင်ခဲ့ရင်တော့ သူတို့တွေဘာတွေပဲ ပေးဆပ်ရ၊ ပေးဆပ်ရ ထိုက်တန်နေမှာပါ။ အကြီးမားဆုံး ခြိမ်းခြောက်နိုင်တဲ့ပုဂ္ဂိုလ်သာ ကျရှုံးသွားရင်တော့ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာမှာ ရှိနေတဲ့ သူတို့ရဲ့အနာဂတ်သည် ပိုမိုလုံခြုံလာပါလိမ့်မည်။

ထို့ပြင် မဟာ ချင်ကို နှိမ်နင်းနိုင်ခြင်းဖြင့် မရေမတွက်နိုင်တဲ့ အကျိုးအမြတ်တွေ အများကြီးရရှိနိုင်သေးသည်။ မဟာ ချင်တစ်ခုတည်း ထိန်းချုပ်ထားတဲ့ စနစ်ရဲ့ အဓီကမြို့တော်ကြီးလေးမြို့ဟာ မရေမတွက်နိုင်တဲ့ မင်းဆက်အုပ်စုအဖွဲ့အစည်းတွေကို ‌အတော်လေး မနာလိုဖြစ်ဖို့ လုံလောက်နေခဲ့သည်။ ဒီမြို့တော်ကြီးတွေက အခြားကောင်းမွန်ထက်အရာတွေ ပိုနှစ်သက်စရာဖြစ်နေခဲ့သည်။

မဟာ ချင်မှာ ကြီးမားတဲ့ မသေမျိုးကပ်ဘေးကို ဖန်တီးနိုင်ပြီး၊ အစစ်အမှန်ကမ္ဘာမှ လူတွေကို ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာသို့ ခေါ်ဆောင်နိုင်တဲ့ အရာတွေရှိနေခဲ့သည်။ အဲ့ဒီအရာတွေဟာ ရေတွက်လို့မရနိုင်တဲ့ အဖိုးတန်ရတနာတွေပဲဖြစ်သည်။

ဒီအရာတွေက လူတွေအားလုံးကို ရူးသွပ်သွားစေဖို့ လုံလောက်နေခဲ့ပြီး၊ အဲ့ဒီရတနာတွေထဲမှ တစ်စုံတစ်ခုက်ု ရလာခဲ့ရင်တောင် သူတို့အတွက် အတော်လေး အကျိုးရှိနိုင်သည်။ ဒီကိစ္စက မဟာ ချင်ဟာ သူတို့အတွက် ဘယ်လောက်တောင် စွဲဆောင်မှုရှိနေသလဲဆိုတာ သိသာထင်ရှားနေခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Nơi câu chuyện tồn tại. Hãy khám phá bây giờ